ပြီးခဲ့တဲ့လ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွါးရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဖိတ်ကြားတာကြောင့် အခုလို သွားရောက် အားပေးတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းမှာ မြန်မာ လက်ရွေးစင်အသင်းနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင် ကစားကြရာမှာ အိမ်ရှင် မြန်မာအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ ဦးခွန်သာမြင့်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
0:00 / 0:00