လှည်းကူး အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ်

2012-02-14

ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်းက ဒီကနေ့ စောစောပိုင်းမှာ စာထုတ်ပြန် တားမြစ်ခဲ့ပေမယ့် မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက် လှည်းကူးမြို့အားကစားကွင်း လူထု ဟောပြောပွဲမှာ မူလ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။

RFA

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်။

အားကစား ၀န်ကြီးအနေနဲ့ အခုလို ဝင်ရောက် ဆောင်ရွက်ခွင့် မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားခဲ့တာကြောင့် အခုလို ဟောပြောခွင့် ရခဲ့တာပါ။

လှည်းကူးမြို့အားကစားကွင်းမှာ လူထု ဟောပြောပွဲ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ရဲ့ ခွင့်ပြုချက် ရယူပြီးဖြစ်သလို မြို့နယ် အားကာဦးစီးဌာနရဲ့ ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အားကစားဝန်ကြီးရဲ့ တားမြစ်စာကို ဒီကနေ့ မွန်းလွဲပိုင်းမှာ လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးက ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးဖြိုးမင်းသိန်းကို ခေါ်ယူ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တားမြစ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းနှင့် ဦးဟံသာမြင့်တို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်လက် တင်ပြခဲ့ရာမှာ အခုလို မူလအတိုင်း ဆောင်ရွက်ခွင့် ရခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းက အာအက်ဖ်အေကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လှည်းကူးမြို့ အန်အယ်လ်ဒီ ပါတီရုံးမှာ ဒီကနေ့ ညနေငါးနာရီက ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် လူထုဟောပြောပွဲကို မူလ အစီအစဉ်အတိုင်း ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီမှာပြုလုပ်မယ်လို့ ဦးဖြိုးမင်းသိန်းက ပြောသွားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်