ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကို သွားရောက်ဆွေးနွေး

အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရပါတယ်။
2012-07-05
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-kaw-hmu-0705-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်က ကောမှူးမြို့ အောင်ဇမ္ဗူ ပရဟိတကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူတို့ တွေ့ဆုံဆွေးနွေးနေစဉ်။
RFA

ကောမှူးမြို့က အောင်ဇမ္ဗူ ပရဟိတကျောင်းတိုက်မှာ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး ဒေသခံတွေ တင်ပြလာတဲ့ အခက်အခဲတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးသိန်းဦးက ပြောပါတယ်။


"၁၁ နာရီမှာ ကော့မှူး အောင်ဇမ္ဗူ ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးကျောင်းကို ငွေလှူပြီးတော့ အဲဒီက နယ်ခံတွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ သူတို့လိုအပ်တာတွေ အဲတာအကုန် တင်ပြကြတယ်ပေါ့။ အစ်မလည်း လုပ်နိုင်သလောက် လုပ်ပေးမယ်။ အထူးသဖြင့်တော့ ဒီလမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေပေါ့။ နောက်ပညာရေး၊ ကျန်းမာရေး နောက်ကျောင်းထဲမှာ ရှိတဲ့ စာသင်ခန်းတွေ လိုက်ပြီးတော့ လေ့လာတယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက် ဆရာတော်ကို ပရဟိတကျောင်းအတွက် ပညာရေး အလှူငွေအဖြစ် ၁၈ သိန်း လှုဒါန်းခဲ့ပါတယ်။ ကော့မှူးမြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာကြောင်း သိရပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်