နိုင်ငံရေးသမား အများစုက အကောင်းမြင် ကြိုဆိုခဲ့ကြတဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး ပါဝင် ဖြတ်သန်းနေသူတွေရဲ့ ဝေဖန်ချက်တွေကို RFA က လက်လှမ်းမှီသရွေ့ စုဆောင်းခဲ့ပါတယ်။
NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ အမြင်ကို ဦးခင်မောင်စိုးက မေးမြန်းထားပါတယ်။
NLD ထိပ်ပိုင်း ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်ရဲ့ သဘောထားကိုတော့ ဦးနေရိန်ကျော်က ရယူခဲ့ပါတယ်။
တခြား NLD ခေါင်းဆောင်တချို့ရဲ့ ရှုမြင်ပုံတွေကိုလည်း ဒေါ်ခင်ခင်အိက အခုလို တင်ပြထားပါတယ်။
လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်နဲ့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းတို့ရဲ့ သုံးသပ်ချက်တွေအတွက် ဦးတင်အောင်ခိုင်က ဆက်သွယ်ခဲ့ပါတယ်။