နေရူးအောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင် နေရူးအောက်မေ့ဖွယ် အခမ်းအနားမှာ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောဖို့ လက်ခံထားပါတယ်။
2012-09-23
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-manomhan-sign-052912-b305
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံစဉ်။
Photo courtesy of NLD

ဘယ်နေ့ဟောပြောမယ်ဆိုတာ မကြေညာသေးပေမဲ့ နိုဝင်ဘာ တတိယပတ်လောက်မှာ ဟောပြောပွဲကျင်းပဖို့ ရှိပါတယ်။

မြန်မာနိုင်ငံကို အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မေလက ရောက်ရှိသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ချိန်မှာ အခုလိုဟောပြောဖို့ သူကိုယ်တိုင် ဖိတ်ကြားခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် မသွားခင်မှာ အိန္ဒိယ၀န်ကြီးချုပ်နဲ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၂ ခုနှစ်အတွက် နိုင်ငံတကာ နားလည်မှုဆိုင်ရာ ဂျာဝါဟလာ နေရူးဆု ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

very good

Sep 24, 2012 07:10 AM