ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ပုံမှန် အစည်းအဝေးကို ဌာနချုပ်ရုံးမှာ ဒီကနေ့ကျင်းပပြုလုပ်ခဲ့ရာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်နဲ့ အခု နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြန်လည် တင်ပြ ရှင်းလင်းခဲ့ပါတယ်။

ဗဟို အလုပ်အမှုဆောင ်အဖွဲ့ဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆို ဆွေးနွေးခဲ့တဲ့ အချက်တွေကို သဘောတူကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ ဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အလုပ် အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဒေါ်မေဝင်းမြင့်တို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။