နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြား

ကမ္ဘာ့နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံလိုက်ရတယ်လို့ ကြားသိခဲ့ရတဲ့အချိန်မှာ မိမိခံစားလိုက်ရတာက အချုပ်နှောင်ခံထားရတဲ့ မိမိဘ၀ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု က တခြားလူသားတွေရဲ့ ကမ္ဘာနဲ့ ပြန်လည်ချိတ်ဆက်ပေး လိုက်တာပဲလို့ ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်လ်ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောခဲ့ပါတယ်။
2012-06-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-nobel-speech-b305
နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခန်းမတွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ကျင်းပသော နိုဘယ်လ်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်က ရရှိခဲ့သော နိုဘဲလ်ဆုအတွက် မိန့်ခွန်းပြောဆိုနေစဉ်။
AFP

နော်ဝေနိုင်ငံ အော်စလိုမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ နော်ဝေစံတော်ချိန် နေ့လည် ၁နာရီမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။

“ငြိမ်းချမ်းမှု ဆိုတဲ့ အဓိပ္ပါယ်ဟာ အတူတကွ လက်တွဲနေထိုင်နိုင်မှု ဘ၀တွေကို ပျက်စီးစေတဲ့ အရာအားလုံး ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ဘ၀လို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ခံယူကြောင်း၊ ငြိမ်းချမ်းဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပါယ်ကိုကလည်း အပူမီးတွေ ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ လူသားတွေရဲ့ ခံစားမှုတွေဟာ ဒီကနေ့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူမီးလို တောက်လောင်နေပါတယ်။ ကျွန်မရဲ့ တိုင်းပြည် မြန်မာပြည် မြောက်ပိုင်းမှာဆိုရင်လည်း ပဋိပက္ခတွေ မချုပ်ငြိမ်းသေးသလို ကျွန်မ ဒီခရီးစဉ် မထွက်လာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာပြည် အနောက်ပိုင်းမှာ အကြမ်းဖက် ပဋိပက္ခတွေကြောင့် မီးလောင်တာ သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ အလားတူပါပဲ တခြားဒေသတွေမှာလည်း အငတ်ဘေး၊ အလုပ်လက်မဲ့ ၊ ဆင်းရဲမွဲတေမှု စတဲ့ စတဲ့ အရာအားလုံးဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေ ဖြစ်ပါတယ်။”

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး လှုပ်ရှားမှု အခန်းကဏ္ဍကို မှတ်တမ်းတင် ဂုဏ်ပြုပေးလိုက်တာလို့ ခံယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တနည်းအားဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုကို တကမ္ဘာလုံးက မမေ့ဘူးဆိုတာကို သက်သေပြလိုက်တာပါပဲလို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ နိုဘယ်လ်ဆု ချီးမြင့်ပွဲကို တက်ရောက်နေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးကို RFA ၀ါရှင်တန်ဒီစီရုံးချုပ်ကနေ ဆက်သွယ်မေးမြန်း တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

incridible

Jun 16, 2012 12:05 PM

အမည်မဖော်လိုသူ

great lady

Jun 16, 2012 12:04 PM

susan

အစဉ်အမြဲချစ်ခင်လေးစားရသော အန်တီစုအတွက် ဂုဏ်ယူပီတိဖြစ်ရပါတယ်ရှင်.။

Jun 16, 2012 11:47 AM