အောက်စဖို့ တက္ကသိုလ် ဒုတိယ အဓိပတိ ပါမောက္ခ Andrew Halmiton က- နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ တက္ကသိုလ်ကို ပြန်လာနိုင်ပြီဖြစ်လို့ မိမိတို့ အင်မတန် နှစ်ထောင်းအားရ ဖြစ်မိကြောင်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖို့ တက္ကသိုလ် St Hugh's College မှာ ဒသနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာရပ်တွေကို ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ဆည်းပူးခဲ့ပါတယ်။
