ပုသိမ်လူထု ဒေါ်စုကို ကြိုဆို

2012-02-07

ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်မြို့ကို သွားရောက်ခဲ့တဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတအောင် ပြည်သူအားလုံးက ဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုကြောင်း ပုသိမ်မြို့မှာ ဒီကနေ့ ပြောသွားပါတယ်။

AFP

ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်မြို့ကို သွားရောက်ခဲ့သော အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့ ဒေသခံ ပြည်သူများ ကြိုဆိုနေစဉ်။

ဒီကနေ့ မွန်းလွဲပိုင်း ပုသိမ်မြို့ ၉ သိန်း ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ ပြည်သူတွေကို အဲဒီလို ပြောဆိုလိုက်တာပါ။

ပုသိမ်မြို့ကတစ်ဆင့် မြောင်းမြမြို့ကို အရောက်မှာတော့ မြောင်းမြ မီတာ ၄၀၀ ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေဟာ ကိုယ်ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မိမိတို့ ဖြစ်စေချင်တာ အချိန်မရွေး တိုက်တွန်း ပြောဆိုနိုင်ကြောင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်နဲ့ မြောင်းမြခရီးစဉ်အတွင်း လူသိန်းနဲ့ချီကြိုဆိုခဲ့ကြကြောင်းသိရပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ် ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်ကလည်း ဦးတင်ဦးကိုမေးမြန်းပြီး တင်ပြထားပါတယ် ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ပုသိမ် လယ်သမားသမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ခံရ

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ်ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ