ပိတ်ဆို့မှု လုံးဝရုပ်သိမ်းစေချင်ရင် လက်တွေ့ဆောင်ရွက်ပြဖို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေအားလုံး ဖယ်ရှားနိုင်ရေးအတွက် အခုလို ယာယီ ဆိုင်းငံ့ထားချိန်မှာ သက်ဆိုင်သူတွေက အောင်မြင်အောင် ဆောင်ရွက်ပြသနိုင်ဖို့ လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-07-03
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-press-conference-0703-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်က ရန်ကုန်မြို့ NLD ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ဥရောပ (၅) နိုင်ငံခရီးစဉ် အတွေ့ အကြုံ သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်း ပြောကြားနေစဉ်။
RFA

ရန်ကုန်မြို့ အန်အယ်ဒီပါတီ ရုံးချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ ဥရောပ (၅) နိုင်ငံခရီးစဉ် အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာက မိမိတို့ တိုင်းပြည်အပေါ် စေတနာရှိပါကြာင်း၊ အဲဒီစေတနာတွေ အကျိုးရှိလာအောင် မြန်မာနိုင်ငံဘက်က လုပ်ဆောင်ရမှာ ဖြစ်ကြောင်း စသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်က ပဋိပက္ခကို ရေတိုရေရှည် နည်းလမ်း နှစ်မျိုးနှင့် ဖြေရှင်းသွားရလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မတူညီတဲ့ လူမျိုးစုတွေအကြား ပြန်လည် သင့်မြတ်မှု ရရှိရေးအတွက် တရားဥပဒေ စိုးမိုးရေး နည်းလမ်းတွေနဲ့ ဖြေရှင်းသွားရမှာ ဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

"ဒီရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ ခရီးစဉ်မှာလည်း ခဏ ခဏ မေးပါတယ်။ ကျွန်မကတော့ ဒီဟာနှစ်ပိုင်း စဉ်းစားရမယ်ပေါ့နော်။ တစ်ပိုင်းကတော့ ရေရှည်အတွက်ဆိုလို့ရှိရင် ဘာသာ မတူတဲ့၊ ယဉ်ကျေးမှုမတူတဲ့ အစုအဖွဲ့တွေကြားထဲမှာ အဆင်ပြေအောင် လုပ်ဖို့ဆိုတာ အချိန်ယူရတယ်ဆိုတာ ဒါကတော့ အားလုံး သိပြီးသား ကိစ္စပါ။ ဒါပေမဲ့ ရေတိုမှာတော့ ကျွန်မအမြင်မှာတော့ ကျွန်မတို့က ဒီဥပဒေ စိုးမိုရေးကို ရှေ့တန်းတင်တင်နေလို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို ကိစ္စတွေကြောင့်မို့လို့ ဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ရမယ်လို့ ကျွန်မတို့ မြင်တာပါ"

အခုလို ရခိုင်ပြည်က ပြဿနာတွေ ဖြေရှင်းဖို့အတွက် ရခိုင်အဖွဲ့ အစည်းတွေနဲ့ လက်တွဲဆောင်ရွက် သွားမယ်လို့လည်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ရှင်းလင်းပွဲမှာပဲ မြန်မာနိုင်ငံကို "Burma" လို့ အင်္ဂလိပ် ဘာသာစကားနဲ့ ပြောဆို သုံးစွဲတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့  ဒီမိုကရေစီ ကျင့်စဉ် သဘောအရ သုံးစွဲတာ ဖြစ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက် န၀တ ခေတ်က ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကို မလေ့လာပဲ Burma လို့ အရင်ကတည်းက သုံးစွဲခဲ့တာကို Myanmar လို့ ပြောင်းခဲ့တာ ဖြစ်တယ်လို့ ပြော ပါတယ်။

ဆန္ဒခံယူပွဲလို မဟုတ်တောင်မှ အနည်းဆုံး ပြည်သူတွေရဲ့ သဘောထားကို လေ့လာပြီး ပြောင်းမှသာ ဒီမိုကရေစီ သဘောထားကို လေးစားရာ ကျလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

AUNG

နေရပ်- N/DAGON

I TRUST AMAY SU. MYANMAR IS POINTED FOR MYANMAR RACE AND BURMA IS POINTED FOR ALL THE RACES IN OUR COUNTRY.

Aug 23, 2012 01:51 PM

အမည်မဖော်လိုသူ

ကျောင်းစာအုပ်တွေမှာ မြန်မာစာကို ဗမာစာ လို့ပြောင်းပေးရတော့မယ်ထင်တယ်....ဒီလိုသာဟိုကပ် ဒီကပ်နေလို့ကတော့အိမ်ထဲမှာ ငွေရတု လွှတ်တော်မှာငွေရတု ပေါင်းတော့ရွှေရတု မှ ရွှေမြန်မာလား ရွှေဗမာ လားမသိတော့ဘူး

Jul 19, 2012 10:17 AM

သီဟ

နေရပ်- ဘန်ကောက်

မြန်မာ(သို့) ဗမာနိင်ငံအလံ
ပြန်ပြောင်းပေးဖို့ပြောပေးပါလားအမေစု

Jul 03, 2012 10:31 AM