လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံပြီး လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

2012.02.03
quintana-assk-b305 ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
RFA

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားက သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို တွေ့ဆုံခွင့်ရတာ ဝမ်းသာမိကြောင်း၊ မိမိအနေနဲ့ အခုတစ်ကြိမ်ပါဆိုရင် မြန်မာနိုင်ငံကို လာရောက်တာ ငါးကြိမ်ရှိသွားပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်စရာတွေ အများကြီး ရှိနေသေးကြောင်း ပြောသွားပါတယ်။ ဒီကနေ့ ညပိုင်းမှာလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာကင်တားနားဟာ ဒီကနေ့မနက်ပိုင်းက အင်းစိန် အကျဉ်းထောင်ကို သွားရောက်ပြီး နေ့လယ်ပိုင်းမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျင်ရှင်းထန်တို့နဲ့ တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား ဒေသတွေက ပြည်တွင်းစစ်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မနက်ဖြန်မှာတော့ မစ္စတာကင်တားနားဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက် လေ့လာမယ်လို့ ဆိုပါတယ်။ ခရီးစဉ်နောက်ဆုံး ဖေဖော်ဝါရီလ ၅ ရက်ကျရင် ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ရှိပြီး ဒီခရီးစဉ်က တွေ့ရှိချက်တွေကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လအတွင်း ကျင်းပမယ့် ၁၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံကို အစီရင်ခံစာ တင်သွင်းမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-03 10:54

Please, also visit to kachin states Mr Tomas Ojea Quintan, you will see what happen in native people under Burmese govt.

Anonymous
2012-02-04 12:19

He came 5th times to Myanmar, nothing improved, how many times he wants to come, he could not change or improve anythings in our country, UD or anyone from outside of country nothing to do, unless the Government and all National Arm Groups will get peaceful resolution and all people who live inside of our country get involve for our own people let Daw Aung San Suu Kyi to be a Chair person for peace maker team. She is the only one can do and lead for us not from outside.