ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ဋ္ဌေးက ပြောပါတယ်။
2012-08-22
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
theinsein-assk-mix-b305
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ဟာ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း ပြောပေမယ့် ဘာတွေပြောဆို ဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့ ဗိုလ်မှူးကြီး ဇော်ဋ္ဌေးက မပြောပါဘူး။

အနှစ် ၅၀ လောက် စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဓိကကျတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ စုစုပေါင်း ၃ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ နောက်ဆုံး တွေ့ဆုံခဲ့တာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဆွေးနွေးမှု အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

လင်းရောင်ခြည်

နေရပ်- MDY

အားလုံးပြေလည်စေချင်သည်

Sep 08, 2012 11:39 PM

mmm

နေရပ်- bassein

very good

Aug 30, 2012 09:18 AM

naykoko!naglay

နေရပ်- myeik

Good l don,t like

Aug 25, 2012 12:03 AM

joe

I would like to ask RFA , country like US , they always welcome to whatever Myanmar have been change , why don't you people always think negative about our country ? Please give some respect each other .

Aug 24, 2012 02:30 AM

Moung Moung

နေရပ်- Myanmar

There is no any befenefit for people in the country

Aug 23, 2012 04:19 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.