တွေ့ဆုံဆွေးနွေးချိန်ဟာ မိနစ် ၂၀ လောက်ကြာမြင့်တယ်လို့ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
သမ္မတ ဦးသိန်းစိန်ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး လာမယ့် ၂၇ ရက်နေ့မှာ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီးပြီးချင်း သမ္မတနဲ့ တွေ့ဆုံဖို့ နယူးယောက်မြို့ကို ဆက်လက် ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။
နယူးယောက်မြို့မှာ ရောက်နေတဲ့ အာအက်ဖ်အေ ၀ိုင်းတော်သူ မသင်းသီရိနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |