ဒေါ်အောင်ဆန်းစုကြည်ကို Madanjeet Singh ဆု ချီးမြှင့်

2012-02-10

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို UNESCO က ၂၀၀၂ ခုနှစ်အတွက် ချီးမြှင့်ခဲ့တဲ့ Madanjeet Singh ဆုကို ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့ မနက်ပိုင်းက လာရောက် ပေးအပ်ပါတယ်။

Photo:AFP

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Ryuhei Hosoya က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Madanjeet Singh ဆု ပေးအပ်နေစဉ်။

UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အမှုဆောင် ညွှန်ကြားရေးမှူး Mr. Ryuhei Hosoya က လာရောက် ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီ Madanjeet Singh Prize for Promotion of Tolerance & Non-Violence (ခွင့်လွှတ် သည်းခံနိုင်ခြင်း ခန္တီပါရမီတရားနဲ့ အကြမ်းမဖက်မှု မြှင့်တင်ရေးဆိုင်ရာ) ဆုကို ဒေါ်အောင်ဆန်းစုကြည် ၂၀၀၂ ခုနှစ်က ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒီဆုရုပ်တုနဲ့အတူ ချီးမြှင့်တဲ့ အမေရိကန် ဒေါ်လာတစ်သိန်းကို ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးနဲ့ ကျန်းမာရေး ရန်ပုံငွေအဖြစ် လှူဒါန်းလိုက်တယ်လို့လည်း သိရပါတယ်။

ခုလို လာရောက် အပ်နှင်းရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်လို့ Mr. Ryuhei Hosoya ကပြောပါတယ်။

ဒီဆုဟာ သည်းခံနိုင်တဲ့ စွမ်းရည်နဲ့ အကြမ်းမဖက်တဲ့ စိတ်ဓာတ်မွေးမြူရေး မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ သိပ္ပံ၊ အနုပညာ ဒါမှမဟုတ် ဆက်ဆံရေး နယ်ပယ်တွေမှာ ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် ဆောင်ရွက်သူတွေကို ချီးမြှင့်တာပါ။

အိန္ဒိယနိုင်ငံက အကြမ်းမဖက်ရေး စံပြပုဂ္ဂိုလ် မဟတ္တမဂန္ဒီကြီးရဲ့ ၁၂၅ နှစ်မြောက် မွေးနေ့ကျရောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ကုလသမဂ္ဂက ကျင်းပခဲ့တဲ့ နိုင်ငံတကာ ခွင့်လွှတ် သည်းခံခြင်းတရားနှစ်ကစပြီး အိန္ဒိယ အနုပညာရှင်၊ စာရေးဆရာနဲ့ သံတမန် Mr. Madanjeet Singh ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်ခဲ့ပါတယ်။

Madanjeet Singh ဆုနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်