ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့အတွက် ဒီကနေ့ ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
2012-09-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-yangon-airport-091612
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုခရီး ထွက်ခွာရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်။
Photo courtesy of NLD

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆) ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း နာမည်ကျော်တက္ကသိုလ်တွေကို သွားရောက် လေ့လာဖို့ရှိတဲ့အပြင် မြန်မာမိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

"မနက်ဖြန် ဝါရှင်တန် ဒီစီရောက်မယ်။ ကွန်ဂရက် လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုယူမယ်။ နောက်တခြားဆုတွေလည်း ယူမယ်။ Yale တက္ကသိုလ်သွားမယ်။ Harvard တက္ကသိုလ်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်က Miss Clinton တို့၊ President Obama တို့နဲ့တွေ့မယ်လို့တော့ ကျွန်တော်တို့ ယူဆတယ်"

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူမရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ရုံးအဖွဲ့မှူး ကိုဇော်မင်းဦးနဲ့ နေပြည်တော် ပုဗ္ဗ္ဗသီရိမြို့ နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်တို့ လိုက်ပါသွားကြပါတယ်။

ဒီကနေ့မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအဝင် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတွေဟာ သြစတေးလျနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို လေ့လာဖို့အတွက် ၉ ရက်ကြာ ခရီးကို စတင်ထွက်ခွာသွားပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်