ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆) ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း နာမည်ကျော်တက္ကသိုလ်တွေကို သွားရောက် လေ့လာဖို့ရှိတဲ့အပြင် မြန်မာမိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
"မနက်ဖြန် ဝါရှင်တန် ဒီစီရောက်မယ်။ ကွန်ဂရက် လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုယူမယ်။ နောက်တခြားဆုတွေလည်း ယူမယ်။ Yale တက္ကသိုလ်သွားမယ်။ Harvard တက္ကသိုလ်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်က Miss Clinton တို့၊ President Obama တို့နဲ့တွေ့မယ်လို့တော့ ကျွန်တော်တို့ ယူဆတယ်"
ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူမရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ရုံးအဖွဲ့မှူး ကိုဇော်မင်းဦးနဲ့ နေပြည်တော် ပုဗ္ဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်တို့ လိုက်ပါသွားကြပါတယ်။
ဒီကနေ့မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအဝင် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတွေဟာ သြစတေးလျနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို လေ့လာဖို့အတွက် ၉ ရက်ကြာ ခရီးကို စတင်ထွက်ခွာသွားပါတယ်။