မနေ့က မင်္ဂလာတောင်ညွန့်မှာ မီးလောင်ပေါက်ကွဲမှုကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြတဲ့ ဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လာရောက်တွေ့ဆုံပြီး လိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းသွားပါတယ်။
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် မီးဘေးဒုက္ခသည်များကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ အားပေးနေစဉ်။
ဒီကနေ့ မနက်ပိုင်း ၁၁ နာရီက မဟာဝိဇယကျောင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးအပါအ၀င် အင်န်အယ်လ်ဒီ ပါတီဝင်တွေ လာရောက်ကြည့်ရှုခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော် ဦးပညိန္ဒက မိန့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းပြီး ဒုက္ခသည်တွေကို အားပေးစကား ပြောသွားကြောင်း သိရပါတယ်။
အင်န်အယ်လ်ဒီ ပါတီက ဒီကနေ့ မင်းဓမ္မကုန်း MCC မှာ ပြုလုပ်တဲ့ တိုင်းရင်းသားဒေသအတွက် ပညာရေးရန်ပုံငွေ ရှာဖွေပွဲမှာလည်း မီးဘေးဒုက္ခသည်တွေ အတွက်ပါ အလှူငွေတွေ ကောက်ခံ စုဆောင်းခဲ့ပါတယ်။
တစ်ဆက်တည်း မင်္ဂလာတောင်ညွန့် မီးဘေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦိးအောင်ဒိုင်းက အာအက်ဖ်အေကို ပြောပါတယ်။
မီးစတင် လောင်ကျွမ်းတဲ့ နေရာအနီးက ပရဆေး ဂိုဒေါင်ထဲမှာ ပေါက်ကွဲစေနိုင်တဲ့ ယမ်းစိမ်းတွေ သိုလှောင်ထားတာကို ကြိုတင် မသိရတဲ့အတွက် ၁၅ ပေ ပေ ၂ဝ အကွာကနေ မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့တဲ့ မီးသတ်သမားတွေ သေရတာ ဖြစ်ကြောင်း မီးငြိမ်းသတ်ရာမှာ ကိုယ်တိုင် ပါဝင်တဲ့ မီးသတ်ဦးစီးဌာန အောက်မြန်မာပြည် ကွပ်ကဲရေးမှူး ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ပြောပါတယ်။
မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |
| စုစည်းတင်ပြချက်။ |
|
| အသံဖိုင်ယူရန်။ |
| လျှောက်ထားမေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၀၀၀ ခန့် မီးလောင်
သံတွဲမြို့ ဗဟိုဈေးကြီး မီးလောင်
လှိုင်သာယာမီး အိမ်ခြေ ၄၀၀ နီးပါး ဆုံးရှုံး
ရမ်းဗြဲ မြို့နယ် မီး အိမ်၂၀၀ ပျက်စီး
မီးဒဏ်သင့် ကျေးရွာ စာကြည့်တိုက် အတွက် NLD က ကျပ်ငွေ ၁၀ သိန်း လှူဒါန်း
လူထုစည်းဝေးပွဲမှာ ကချင်အရေး ဆွေးနွေး
မူဆယ်မီး ဆိုင်ခန်း ၂၈ ခန်း လောင်ကျွမ်း
အစိုးရက ကချင်နဲ့ ဆွေးနွေးဖို့ ဖွဲ့စည်း
မီးဘေးအန္တရာယ် ကာကွယ်ဖို့ ရွာပြင်ထွက် ချက်ပြုတ်ရမယ့် အမိန့်ထုတ်
မှတ်ချက်များ
Click here to add your own comment