အထက် မြန်မာပြည် လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

2011-06-28

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထက်မြန်မာပြည် လူငယ် (၇၃) ဦးနဲ့ ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြောင်း သတင်း ရရှိပါတယ်။

RFA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်မြန်မာပြည် လူငယ် (၇၃) ဦးတို့ ရန်ကုန် ရွှေဂုံတိုင်မှာရှိတဲ့ NLD အဖွဲ့ချုပ်ရုံးမှာ ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံ ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ ချင်းပြည်နယ် ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မန္တလေးတိုင်း မကွေးတိုင်းတို့က NLD အဖွဲ့ဝင် လူငယ်တွေ တက်ရောက်ကြပြီး လူငယ် (၇၃) ဦးထဲက အသက် (၃၅) နှစ်အောက်လူငယ် အယောက်(၃၀)က ဖက်ဒရယ်အရေး လူငယ်အင်အားတိုးချဲ့ဖွဲ့စည်းရေး အကြမ်းမဖက်လှုပ်ရှားမှုကိစ္စနဲ့ ပြည်သူတွေကြားဖြစ်ပေါ်နေတဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒီလိုဆွေးနွေးရာမှာ ဒီမိုကရေစီရရှိရေးကြိုးပမ်းမှု ကြန့်ကြာနေတဲ့ကိစ္စကို ဝေဖန်နေတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက -

"ပြည်သူတိုင်း ပြည်သူတိုင်းမှာ အတိုင်းအတာ တခုအထိတော့ တာဝန်ရှိတာဘဲ။ အဲဒီတော့ ဒီမိုကရေစီ အခွင့်အရေးကိုတော့ လိုချင်တယ်။ တာဝန်ကိုတော့ မယူချင်ဘူးဆိုရင်တော့ ဒါက မဖြစ်သင့်တဲ့ ကိစ္စဘဲ။ ကျမတို့ထဲမှာ လူငယ်တယောက် ပြောသွားတာ ကျမ သိပ်သဘောကျတယ်။ ကြောက်စိတ်ကို ဘာနဲ့ ကျော်လွှားရမလဲ။ တာဝန်သိစိတ်နဲ့ ကျော်လွှားရမယ် ဆိုတာ ဒါ အင်မတန် မှန်ပါတယ်။"

NLD အဖွဲ့ချုပ်ရုံး လူငယ် ဆွေးနွေးပွဲရဲ့ မနက်ပိုင်း အစီအစဉ်မှာတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့က လူငယ်(၂) ဦးစီနဲ့ စစ်ကိုင်းတိုင်းက (၆) ဦး မကွေးတိုင်းက (၃)ဦးတို့ ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းမှာတော့ မန္တလေးတိုင်းက(၁၁) ဦးနဲ့ မကွေးတိုင်းက (၃) ဦးတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကိုတော့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ရှင်းပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပါတယ်။ ပြည်ထောင်စု စိတ်ဓါတ် ရှင်သန်အောင် ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ လမ်းညွှန်ချက်တွေ၊ လွတ်လပ်စွာ ဘယ်လို ဗဟုသုတရှာမလဲ၊ ပြည်သူ့ ဒီမိုကရေစီနဲ့ လူငယ်ကွန်ယက် အကြောင်း၊ ကွန်ယက်ရဲ့ သဘောတရား၊ လူငယ်အချင်းချင်း ဆက်သွယ် ဖြည့်ဆည်းပေးဖို့ လိုအပ်နေပုံတွေ၊ အထွေထွေ နိုင်ငံရေး အခြေအနေတွေ စသဖြင့် ဖြေကြား ဆွေးနွေးလမ်းညွှန်ပါတယ်။ "

မနက်ဖြန်မှာတော့ ရန်ကုန် ပဲခူး ဧရာဝတီတိုင်းတွေနဲ့ မွန်ပြည်နယ် တနင်္သာရီတိုင်းစတဲ့ အောက်မြန်မာလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိက ကောက်နှုတ်တင်ဆက်ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဘယ်လို ဆွေးနွေးကြတယ်ဆိုတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ