ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အစိုးရကို ကြိုတင်အသိပေးမည်

မကြာမီ စတင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေး အစီအစဉ်အတွက် အာဏာပိုင်တွေကို ကြိုတင် အသိပေးဖို့ ရည်ရွယ်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက RFA ကို ပြောပါတယ်။

"လုံခြုံရေး အစီအစဉ်တို့ ဘာတို့ကို တတ်နိုင်သမျှ ကြိုးစား ညှိနှိုင်းပြီးတော့ သွားမယ်လို့ ကျတော်တို့ စိတ်ကူးထားပါတယ်။ အခုအချိန်အထိတော့ ဘယ်ကိုသွားမယ် ဆိုတာ ပြောတာဆိုတာ မရှိသေးပါဘူး။' ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် တိတိကျကျ မသတ်မှတ်ရသေးပေမဲ့ ဘယ်ဒေသ ဘယ်အချိန် ဘယ်နေ့ ဘယ်ရက်တွေမှာ သွားလာမယ်ဆိုတာ ကြိုတင် အကြောင်းကြားမှာ ဖြစ်ကြောင်း အာဏာပိုင်တွေအနေနဲ့လည်း အလေးထား ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးတင်ဦးက ပြောပါတယ်။ ခရီးစဉ်ကို အခု ဇွန်လ 19 ရက်နေ့မှာ ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အပြီး စတင်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ခရီးစဉ် လုံခြုံရေးအတွက် လူငယ် ကွန်ယက်အဖွဲ့ဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေက စီစဉ် ဆောင်ရွက် နေကြောင်းလည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် လုံခြုံရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို ဒေါ်ခင်ခင်အိ က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

0:00 / 0:00