ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အစိုးရကို ကြိုတင်အသိပေးမည်

2011-06-07

မကြာမီ စတင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေး အစီအစဉ်အတွက် အာဏာပိုင်တွေကို ကြိုတင် အသိပေးဖို့  ရည်ရွယ်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက RFA ကို ပြောပါတယ်။

(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ စည်းရုံးရေးခရီးစဉ်တခုအတွင်း မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

"လုံခြုံရေး အစီအစဉ်တို့ ဘာတို့ကို တတ်နိုင်သမျှ ကြိုးစား ညှိနှိုင်းပြီးတော့ သွားမယ်လို့ ကျတော်တို့ စိတ်ကူးထားပါတယ်။ အခုအချိန်အထိတော့ ဘယ်ကိုသွားမယ် ဆိုတာ ပြောတာဆိုတာ မရှိသေးပါဘူး။'

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် တိတိကျကျ မသတ်မှတ်ရသေးပေမဲ့ ဘယ်ဒေသ ဘယ်အချိန် ဘယ်နေ့ ဘယ်ရက်တွေမှာ သွားလာမယ်ဆိုတာ ကြိုတင် အကြောင်းကြားမှာ ဖြစ်ကြောင်း အာဏာပိုင်တွေအနေနဲ့လည်း အလေးထား ဆောင်ရွက်လိမ့်မယ်လို့  မျှော်လင့်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

ခရီးစဉ်ကို အခု ဇွန်လ 19 ရက်နေ့ မှာ ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အပြီး စတင်နိုင်ဖွယ်ရှိတယ်လို့  သတင်းတွေ ထွက်ပေါ်ခဲ့သလို ခရီးစဉ် လုံခြုံရေးအတွက် လူငယ် ကွန်ယက်အဖွဲ့ ဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေက စီစဉ် ဆောင်ရွက် နေကြောင်းလည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် လုံခြုံရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို ဒေါ်ခင်ခင်အိ က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်