ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည် အကျဉ်းကျ ရှမ်းခေါင်းဆောင်များ မိသားစုတွေနဲ့ တွေ့ဆံုံ အားပေး
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ ရန်ကုန်ပြည်လမ်းက နေအိမ်ကို မနေ့က သွားရောက်ပြီး နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်းထွန်းဦး၊ အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွန့်လွင်၊ ဗဟိုကော်မတီဝင် ဦးစိုင်းလှအောင်တို့ရဲ့ မိသားစုတွေကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လူငယ်အယောက် ၂၀ ခန့်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ မိသားစုတွေကို ကိုယ်တိုင် သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအရေအတွက် ဒုတိယအများဆုံးနဲ့ အနိုင်ရ ပါတီ ဖြစ်ပါတယ်။