လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

`ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွါးကို ခိုင်ခိုင်မာမာ ကာကွယ် ရပ်တည်ပေးတဲ့ အစိုးရ ရှိနေရင် ပြည်ပက မတရား အမြတ်ထုတ်တာတွေ လုပ်ဖို့ အင်မတန် ခက်ပါတယ်၊`

ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူတွေပေါ်မှာ တာဝန်သိခြင်းနဲ့ အိမ်နီးနားချင်းကောင်း ပီသခြင်းဆိုတဲ့ မူနှစ်ခုနဲ့ ကိုက်ညီတဲ့ ဆက်ဆံရေးမျိုးကို တရုတ်နိုင်ငံနဲ့ တည်ဆောက်ချင်ပါတယ်`… `တွေ့ဆုံ ဆွေးနွေးရေး ဆိုတာ တကယ်ပဲ လုပ်ချင်တယ် ဆိုရင် မဆိုင်းမတွ လုပ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်၊ ပြေလည်မှု တကယ်ပဲ လိုချင်တယ် မလိုချင်တယ် ဆိုတာက အချိန်ဆွဲတာ မဆွဲတာကို ကြည့်ပြီးတော့လည်း မှန်းဆလို့ ရနိုင်မယ်ထင်ပါတယ်` လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီတပတ်မှာ ဖြေထားပါတယ်။ ရန်ကုန်မြို့က မရွှေဝါနဲ့ မမြနှင်း ၊ ဂျပန်နိုင်ငံက ကိုမင်းထက်ဇော်၊ တောင်ကိုရီးယားနိုင်ငံက ကိုနေထွန်းနိုင်၊ အာရပ်စော်ဘွားများ နိုင်ငံရောက် ကိုရွှေမင်းနိုင်၊ ဗြိတိန်နိုင်ငံက မဥမ္မာဦး၊ အမေရိကန် ပြည်ထောင်စု မီရှီဂန်က ကိုရဲမင်းထွန်းတို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြား မှာပါ။

0:00 / 0:00