"သူတို့ရဲ့ အလုပ်ခေါင်းဆောင်တွေ ၁၀ ယောက်ထုတ်ထားတာ မကျေနပ်တဲ့အတွက် သူတို့ကို အလုပ်ခန့်ဖို့ရာအတွက် ပြောဆိုကြတာပေါ့။ ဆန္ဒပြကြတာပေါ့။ ငြိမ်းချမ်းစွာနဲ့ သူတို့ ဆန္ဒထုတ်ဖော်တယ်။ သူတို့တောင်းဆိုကြတယ်ပေါ့နော်။ မဟုတ်တဲ့ အချက်အလက်တွေပေါ့နော်။ ဥပဒေထဲမပါတဲ့ အချက်အလက်တွေကို သူတို့လက်မခံဘူး။ ဥပဒေပါတဲ့ အချက်အလက်တွေကို အလုပ်သမားတွေက လက်ခံမယ်ဆိုတဲ့ အကြောင်း"
အလုပ်ကထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၁၀ ဦး ကို အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ အလုပ်ရှင်က သဘောတူညီခဲ့ပေမယ့် အရင်တုန်းကလို စက်ရုံထဲမှာနေထိုင်ခွင့်၊ စားသောက်ခွင့်တွေ မပေးဘူးလို့ ပြန်ကြားထားတဲ့အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့က စက်ရုံ အလုပ်ရုံးတွေမှာ လုပ်နေကြတဲ့ အလုပ်သမားအများစုဟာ နယ်ကနေလာတာ ဖြစ်တဲ့အတွက် နေရေး၊ စားသောက်ရေးတွေကို စက်ရုံပိုင်ရှင်က တာဝန်ယူပေးထားကြရတယ်လို့ သိရပါတယ်၊ ဒီကနေ့ ဆန္ဒပြပွဲကို လုံခြုံရေးအဖွဲ့တွေ အနီးကပ် လာရောက် စောင့်ကြည်တာကလွဲလို့ အနှောင့်အယှက် တစ်စုံတစ်ရာ မရှိဘူးလို့ သိရပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်လို့ အလုပ်ရှင်ဘက်က ဘာမှ တုံ့ပြန်မှု မရသေးဘူးလို့လည်း သိရပါတယ်။
