ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ နုတ်ထွက်သွားပြီလို့ သိရပါတယ်။
2012-08-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
general-aung-san-actor-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားအတွက် သရုပ်ဆောင် ၁၁ ဦးကို လူတွေ့ စစ်ဆေးနေစဉ်။
RFA

သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လက်ခံပြီးပြီလို့  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ဒီကနေ့ အတည်ပြု ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျောက်ခဲက-

"ကျွန်တော့်မှာ အိမ်ထောင်ရေး မပြေလည်မှု ရှိခဲ့ပါတယ်။ တခြား ပတ်သက်မှုရှိခဲ့ပါတယ်။ အဲဒါကို သူတို့က ဗိုလ်ချုပ်နေရာမှာ ကိုယ့်ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ ကိုယ့်ဟာကိုယ် နုတ်ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့ ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာလိုက်ရမလားလို့ ၂ လမ်းပေးပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့ အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ မရောက်ပါဘူး။ ဒါပေမဲ့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။"

အခုလို မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇာတ်ဆောင်သစ် နောက်တဦး ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင်ရွေးချယ်ခံရတဲ့ သရုပ်ဆောင် ခုနှစ်ယောက်ထဲက ပြန်လည်ရွေးချယ်မှာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ပြောပါတယ်။

ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း ဒီကနေ့ ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

တန့်ဆည်သား

နေရပ်- တန့်ဆည်မြို့

တကယ်တမ်းတော့ ကိုကျောက်ခဲဟာ သူ့ သဘေနဲ့ ထွက်ရတာ မဟုတ်ပါဘူး။ ဗိုချုပ်ရုပ်ရှင် ရွေးချယ်ရေးအဖွဲ့က အတင်းအဓမနှုတ်ထွက်ခိုင်းတယ်လို့ သိရပါတယ်။ အစရွေးချယ်တုန်းက စည်းကမ်းသတ်မှတ်ပြီး ထုတ်ပယ် ပါလား။ ပြီးတော့ အသေးစိတ်စုံစမ်းမေးမြန်းပြီးမှ စဉ်းစား ဆုံးဖြတ်သင့်ပါတယ်။ တကယ်တမ်း ကျောက်ခဲနှုတ်ထွက် သွ သွားတာဟာ ရွေးချယ်ရေးအဖွဲ့ ရဲ့ မတရားလုပ်ဆေချက်ပါ။ လုံးဝကို ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။

Aug 24, 2012 03:51 AM

kachin lay

နေရပ်- kachin land

အဲ ဒီလောက်ရွေးရခက်ခဲနေရင်၊ လုပ်ရခက်နေရင် ဦးဆောင်ဒဲ့သူတွေကိုယ်တိုင် ပုဂိုရေးပါနေတယ် မြန်မာနိုင်ငံဇ ကပျောက်လိုမရဘူးဆိုဒါ ပါတယ် ကောင်းတယ် ကိုကျောက်ခဲ ထွက်သွားဒါ သူတိုတွေက မျောက်ပြဆန်တောင်းလုပ်နေကျဒါ လိုထင်တယ် ဗိုလ်ချုပ်ကားဆိုပြီးပြော လုပ်ဒါက ကလေးကဇားသလို ကျွန်တော်ကတော့ မယုံဘူး မလုပ်နိုင်ဘူး သမိုင်းပျောက်သွားလိမ့်မယ် ခေတ်မှီတဲ့ခေတ်မှာ ဗိုလ်ချုပ်ပုံတူ ဘာလိုမလုပ်နိုင်ဒါလဲ အမ်ဗိုက်တာ ဇတ်ကားလို ရိုက်ရင် ဘာလိုလုပ်မလဲ လူရွေးမှာလား မဖြစ်နိုင်ဘူး

Aug 21, 2012 10:31 AM

အမည်မဖော်လိုသူ

WHO ASK TO YOU. NOT FEAR.

Aug 21, 2012 01:03 AM

ဇင်သန့်

ဘယ်သူလဲဗျ ကိုကျောက်ခဲ ပြောတဲ့ သူတို့ ဆိုတာ

Aug 19, 2012 04:31 AM