ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းကို သြစတြေးလျ ဝမ်းသာ

သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကနေ လွတ်မြောက်လာ တဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း ကင်ဘာရာမြို့မှာ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ စတင်ကျင်းပတဲ့ ဗဟိုအစိုးရ လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောပါတယ် ။

2010.11.15
australia_free_suu_kyi_305_z.jpg ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ ဆစ်ဒနီမြို့ရှိ ကမ္ဘာကျော် အော်ပရာဟောက်စ် အဆောက်အအုံရှေ့တွင် မြန်မာ့ ဒီမိုကရေစီရေး လိုလားထောက်ခံသူများ ၂၀ဝ၉ အောက်တိုဘာ ၂၇ ရက်က ‘ဒီမိုကရေစီအတွက် စုဝေးကြ၊ လွတ်မြောက်ရေးအတွက် ရပ်တည်ကြ’ ရှေ့ပြေး လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အခုအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းသာ ဂုဏ်ယူစရာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရရှိဖို့ လုပ်စရာတွေ ရှိနေသေးသလို နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်လွတ်မြောက်ဖို့၊ အထူးသဖြင့် နိုင်ငံရေးယုံကြည်ချက်ကို လွတ်လပ်စွာ ပြောခွင့်ရဖို့ လိုပါတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်း ရုပ်မြင်သံကြားမှာ တွေ့မြင်လိုက်ရတဲ့ သြစတြေးလျ ပြည်သူလူထုဟာ မျက်ရည်မဆည်နိုင်အောင်ပါပဲလို့ ပြောသွားပါတယ် ။ သြစတြေးလျ အစိုးရအတိုက်အခံပါတီခေါင်းဆောင် Tony Abbot ကလဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့နေ့ ဟာ ကမ္ဘာတလွှားမှာ ရှိတဲ့ ဒီမိုကရေစီလိုလားသူတိုင်းအတွက် ထူးခြားတဲ့ နေ့တနေ့ပါပဲလို့ ဆိုပါတယ် ။

အလားတူပဲ နိုင်ငံခြားရေးဝန်ကြီးဟောင်း Alexander Downer ကလည်း မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာဟာ ဒီမိုကရေစီရေးကို ရှေးရှုလာတဲ့ လက္ခဏာပါပဲ၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေပြီဆိုတာ များမကြာခင်မှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအား ဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြဖို့ မျှော်လင့်ကြောင်း ပြောပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-15 10:57

Why not China and Russia wellcome