စာရေးဆရာ နတ်နွယ် ကွယ်လွန်

ဘာသာပြန်၊ ဝတ္ထုတိုနဲ့ လုံးချင်းဝတ္ထုပေါင်းများစွာ ရေးသားခဲ့တဲ့ စာရေးဆရာကြီး နတ်နွယ်ဟာ ဒီကနေ့ မေလ ၁၁ ရက် မနက် ၁၁ နာရီက ရန်ကုန်တိုင်း မြောက်ဒဂုံ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

2011.05.11
nat_nwe_305_z.png နာမကျန်း ဖြစ်နေသော စာရေးဆရာကြီး နတ်နွယ်ကို မတ်လ ၂၉ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။(Phtoto: www.maukkha.org)
Phtoto: www.maukkha.org

ဆရာနတ်နွယ်ဟာ စာပေခရီးလမ်းတလျှောက် စာပေမျိုးစုံကို ပိုင်နိုင် ကျွမ်းကျင်စွာ ရေးသားနိုင်ခဲ့သူ ဖြစ်တယ်လို့ ဆရာနတ်နွယ်ရဲ့ တချိန်က စာပေသူငယ်ချင်း ဖြစ်ခဲ့သူ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်က မှတ်ချက်ပေးပါတယ်။

“ကိုနတ်နွယ်ဟာ စာအလွန်ရေးနိုင်တဲ့လူလို့၊ စာရေးနိုင်တဲ့ ဆရာလို့ ဆိုတာ တချက်ကို ပြောလို့ ရပါတယ်။ နောက်တချက်က အဲဒီ ရေးတဲ့ စာတိုင်းကို ပုံစံတကျ ရေးနိုင်တယ်လို့ ကျွန်တော် ပြောလို့ရတယ်။ ဆိုလိုရင်းက ဘာလဲဆိုတော့ သူ့ဝတ္ထုတွေဟာ အဲဒီအချိန်တုန်းက ဝတ္ထုတိုင်းဟာ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေ ဖြစ်တယ်။ နောက်တချက်က ဘာလဲဆိုတော့ အဲဒီ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေ အားလုံးကို သူပြန်လည်ပြီးတော့ သူ့ဟာသူ ပြန်လည် သုံးသပ်ဖို့ အခွင့်အရေး ကြုံသွားတယ်။ အဲဒါ သူ့အတွက် ထူးခြားချက်ပဲလို့ ကျွန်တော် ပြောချင်ပါတယ်။

ဆရာနတ်နွယ်ဟာ လူကြီးရောဂါနဲ့ ဆေးရုံမကြာခဏ တက်ရောက် ကုသမှု ခံယူခဲ့ရပြီး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူဟာ ၁၉၃၃ ခုနှစ်မှာ မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပြီး၊ မြစ်ကြီးနား အထက်တန်းကျောင်း၊ မန္တလေးနဲ့ ရန်ကုန် တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။

ဆရာနတ်နွယ်ဟာ နွယ်နီမဂ္ဂဇင်းကိုလည်း တာဝန်ယူ ထုတ်ဝေခဲ့သူလို့သိရပါတယ်။

ဆရာနတ်နွယ်အကြောင်းကို ဆရာဦးဝင်းတင်နဲ့ RFA မှ ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-05-12 01:38

I very sad.