ရွှေညဝါ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ


2015.03.30
shwenyawar-305 ရွှေညဝါဆရာတော် အရှင်ပညာသီဟကို ဖူးမြင်ရစဉ်
RFA

ဗုဒ္ဓဘာသာတရားတော်နှင့် မသက်ဆိုင်သော အကြောင်းအရာများ ဟောကြားတဲ့အတွက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ရွှေညဝါဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်း သက်ဆိုင်ရာက မတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်တဲ့စာဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပတဲ့ ၄၇ပါး စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့တာ လို့ ဆိုပါတယ်။ ဒီစာထုတ်ပြန်လိုက်ကြောင်းကြား သိရပေမဲ့  ခုချိန်အထိ လက်ထဲကို စာမရောက်သေးဘူး လို့ ရွှေညဝါဆရာတော်က မိန့်ကြားပါတယ်။

အဲဒီစာမှာ ရွှေညဝါဆရာတော် ဦးပညာသီဟကို သဃာ့နာယကအဖွဲ့ရဲ့ ဆိုဆုံးမတာကို နာခံမူမရှိသူ ‘ဒုဗ္ဗစ’ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားသလို ဓမ္မကထိကဂုဏ်အင်္ဂါနဲ့ မညီတဲ့အတွက် တရားဟောခြင်းကို ပိတ်ပင်ကြောင်း ရေးသားထားပါတယ်။

ရွှေညဝါဆရာတော်ကို နိုင်ငံတော်သံဃာ့နာယကအဖွဲ့က အလားတူပိတ်ပင်တဲ့အမိန့်ကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလက တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဦးတင်အောင်ခိုင်ရဲ့ ရွှေညဝါဆရာတော်နဲ့ ဆက်သွယ်လျှောက်ထားချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။