တပ်ကုန်းမြို့မှာကျင်းပမယ့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ စာပေဟောပြောပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
နေပြည်တော်ကောင်စီ အုပ်ချုပ်ရေးအောက်မှာရှိတဲ့ တပ်ကုန်းမြို့ စာပေဟောပြောပွဲကို ဒေသခံ လူငယ်တွေက စီစဉ်တာဖြစ်ပြီး မနက်ဖြန် ဇန်နဝါရီလ ၂၁ ရက်နေ့မှာကျင်းပဖို့ စီစဉ်ခဲ့တာပါ။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ရဲ့ စာပေဟောပြောပွဲကို ကျင်းပလိုတယ်ဆိုရင် ထောက်ခံစာ ၄ ခု ပြည့်စုံမှ ခွင့်ပြုမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောကြောင်း တပ်ကုန်းမြို့ စာပေဟောပြောပွဲ စီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုကျော်မြတ်သူက အာအက်ဖ်အေကို ပြောပါတယ်။
အဲဒီစာပေဟောပြောပွဲ ကျင်းပဖို့ဆိုရင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ကျင်းပမယ့်နေရာ ထောက်ခံစာနဲ့ မြို့နယ် စာရေးဆရာအသင်းရဲ့ထောက်ခံစာ စုစုပေါင်း ၄ ခု လိုအပ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြို့နယ်စာရေးဆရာအသင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ခွင့်မပြုတဲ့အတွက် စာပေဟောပြောပွဲ ဖျက်သိမ်းလိုက်ရတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က တပ်ကုန်းမြို့နယ် စာရေးဆရာအသင်းကကျင်းပတဲ့ စာပေဟောပြောပွဲကိုတော့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သား ကိုဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။