ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က စနေနေ့ မနက်စောစောမှာ ရခိုင်ပြည်နယ်ကနေ သူတို့နိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ လှေ ၁၁ စင်းကို နတ်မြစ်အတွင်းမှာ ရပ်တန့်ပြီး မြန်မာပိုင်နက်ကို ပြန် လည်မောင်းထုတ်လိုက်တယ်လို့ ကော့ဇက်ဘဇား ဒေသကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒေသခံ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရင်း ၂ ရဲ့တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး Abuzar Al Zahid အဘူဇာ အယ်လ် ဇာဟစ် က အဲဒီလှေတွေမှာ တစ်စင်းကို အနည်းဆုံး လူ ၁ဝ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအရာရှိတွေ ရဲ့ ပြောဆိုချက်အရ လတ်တလော တင်းမာမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ မောင်တောဒေသခံ မွတ်စလင်ဦးရေ ၁ သောင်းကျော် ရှိပါတယ်။
