ဗေဒါသင်တန်းကျောင်း အစ္စရေး သံအမတ်ကြီး ကြည့်ရှု

2011-08-04

လူငယ် ကွန်ရက်အဖွဲ့က ဖွင့်လှစ် ထားတဲ့ ရန်ကုန်မြို့က ဗေဒါကျောင်းကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Mr.Yaron Mayer ဒီနေ့ သွားရောက်ပြီး ကျောင်းကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Youth Network

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ဗေဒါသင်တန်းကျောင်းသို့ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Mr.Yaron Mayer လာရောက်လည်ပတ်စဉ်။

အဲဒီဆွေးနွေးပွဲမှာ အစ္စရေးနိုင်ငံက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီးက ရှင်းပြသလို ဗေဒါကျောင်းရဲ့ လုပ်ငန်းဆောင်တာ တွေကိုလည်း ပြန်လည်မေးမြန်း တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗေဒါကျောင်း ကော်မတီအဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိမ်းက RFA ကို အခုလို ပြောပါတယ်။

“ဆွေးနွေးတဲ့ ကိစ္စထဲမှာ သူတို့ အစ္စရေးနိုင်ငံကို မြန်မာနိုင်ငံကနေ ပညာတော်သင်လွှတ်တဲ့ ကိစ္စတွေ ဆွေးနွေးတယ်။ ကျနော်တို့ ကတော့ ပညာရေးဆိုင်ရာ နည်းပညာတွေ ဘယ်လို ပံ့ပိုးနိုင်မလဲ အဲဒါတွေ ဆွေးနွေးတယ်။ ကျနော်တို့ ရည်ရွယ်ချက်တွေကို မေးတယ်။ နောက်ပိုင်းမှာ အသေးစိတ် ထပ်ဆွေးနွေးမယ်လို့ ပြောတယ်”

ဒီရက်ပိုင်းမှာ နိုင်ငံတကာက နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပညာရှင်တွေ၊ သံတမန်တွေက ဗေဒါကျောင်းကို သွားရောက် လည်ပတ်ပြီး လေ့လာတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီ ဗေဒါကျောင်းကို ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသား လူငယ်တွေ ဦးဆောင် လုပ်ကိုင်နေတဲ့ အတွက် ကျောင်းဖွင့်ရာ ဒေသ အာဏာပိုင်တွေရဲ့ ဖိအားပေး နှောင့်ယှက် တာတွေ မကြာခဏ ခံရလေ့ရှိပါတယ်။

ဗေဒါကျောင်းမှာ လူငယ်တွေ နိုင်ငံရေး စီးပွားရေး အသိပညာ တိုးပွားရေး သင်တန်းတွေ ဆောင်ရွက်ပေး နေပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်