ဒီကနေ့ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ဗကသများ အဖွဲ့ချုပ်ရဲ့ မူ ၅ ချက်၊ တောင်ပိုင်းခရိုင် ဗကသ ပေါ်ပေါက်လာပုံနဲ့ ဥက္ကဌ အဆက်ဆက်တို့ အမည်တွေ ပါဝင်ပါတယ်။
ဒါကို စစ်တပ်က ပြောင်းလာတဲ့ ကျောင်းဆရာက ဗသကဆိုတာ တရားမဝင် အဖွဲ့အစည်း ဖြစ်တဲ့အတွက် စာဝေခွင့်မရှိဘူးလို့ပိတ်ပင်သလို၊ ကျောင်းသားတွေကို မချေမငံပြော ဆိုပြီး၊ ရဲနဲ့စရဖ လုံခြုံရေးတွေ ခေါ်လိုက်တယ်လို့ ဗကသ တောင်ပိုင်းခရိုင် တာဝန်ခံ ကိုမင်းသွေးသစ်က RFA ကိုပြောပါတယ်။
အဲဒီနောက် ဆရာတွေက လက်ကမ်း ကြေညာဝေတဲ့ ကျောင်းသားတချို့ဆီက ကျောင်းသားကဒ်နဲ့ တယ်လီဖုန်းတွေ သိမ်းလိုက်တဲ့အတွက် ညနေပိုင်းမှာတော့ တခြားကျောင်းတွေကကျောင်းသားတွေပါ ရောက်လာပြီး အခြေအနေ တင်းမာလာလို့ သိမ်းထားတဲ့ပစ္စည်းတွေပြန်ပေးတယ်လို့ သိရပါတယ်။