မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့အစိုးရသစ်ဟာ အပေါ်ယံသာမဟုတ်ပဲ တကယ် အမှန်စင်စစ် အရပ်သား အစိုးရအဖြစ်ကို ပြောင်းလဲတာ ဖြစ်ကြောင်း မြန်မာပြည်သူတွေကို သက်သေပြဖို့ အခွင့်အခါကောင်း ဖြစ်သလို သက်သေပြဖို့လည်း တာဝန်ဝတ္တရား ရှိကြောင်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။
မြန်မာအစိုးရသစ်အနေနဲ့ နှစ် ၅၀ နီးပါး စစ်ဖက်က တိုက်ရိုက် အုပ်ချုပ်တဲ့ စနစ်ကနေ တကယ်အမှန် ပြောင်းလဲတယ်ဆိုတာ လက်တွေ့ပြဖို့ လိုကြောင်းလည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အကြီးကဲဟာ မနှစ်က ကျင်းပခဲ့တဲ့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ မပါဝင်နိုင်အောင် ကန့်သတ်မှုတွေ ရှိခဲ့တဲ့အတွက် ကျေနပ်စရာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
