အတိုက်အခံတွေကို နေရာပေးဖို့ မစ္စတာဘန်ကီမွန်း မေတ္တာရပ်ခံ

2011-02-05

မြန်မာနိုင်ငံမှာ အခု ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကနေ ပေါ်ထွက်လာမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ အတိုက်အခံ ပါတီကိုယ်စားလှယ်တွေကို ပိုမို နေရာပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

(Photo: AFP)

အာရှနိုင်ငံများသို့ ခရီးလှည့်လည်သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပထမဆုံး ဝင်ရောက်သည့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်နှင့်အတူ အောက်တိုဘာ ၂၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် မေးခွန်းများကို ဖြေကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မစ္စတာဘန်ကီမွန်းက အစိုးရသစ်မှာ နိုင်ငံရေးပါတီ အားလုံးကို ကိုယ်စားပြုတဲ့ အရပ်သားများ ပိုမို ပါဝင်ခွင့်ရပြီး ပြည်သူလူထုရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ကြောင်း၊ မြန်မာ့နိုင်ငံရေးဟာ မူလ အခြေအနေကနေ တိုးတက်မယ့် အပြောင်းအလဲ အစပျိုးပြီလို့ မှတ်ယူပါကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲအဖြစ် အနောက်နိုင်ငံတွေက ဝေဖန်ခဲ့ပါတယ်။ အခု သမ္မတအဖြစ် အရွေးချယ်ခံရတဲ့ ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေ ကျူးလွန်ခဲ့တယ်လို့ အဝေဖန်ခံနေရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ စစ်အစိုးရရဲ့ ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပြီး မကြာသေးခင်ကမှ အရပ်သားအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်