ရှေ့လာမယ့် အနာဂတ်ကာလအတွက် လိုအပ်မယ့် ဓါတ်အားပမာဏ ပြည့်မီအောင် ကြိုတင်ဆောင်ရွက်ထား တာ ဖြစ်ကြောင်း စွမ်းအင်ဆိုင်ရာအရာရှိတွေကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ဆီက ရေအားလျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၄၀၀ ကနေ ၅၀၀ ဝန်းကျင် တင်သွင်း မှာဖြစ်ပါတယ်။ အခုလောလောဆယ် အိန္ဒိယ ဆီက ရေအားလျှပ်စစ်ဓါတ်အား ၆၆၀ မဂ္ဂါဝပ် တင်သွင်းနေ ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာ နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၁၆ ခုနှစ် ဧပြီလ က မြန်မာ အစိုးရထံကို နားလည်မှု စာချွန်လွှာ ပေးပို့ခဲ့ပါတယ်။
မြန်မာကုမ္ပဏီ တခုကလည်း ရခိုင်ပြည်နယ်မှာ မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်မယ့် ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံတရုံတည်ထောင်ပြီး ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့ စိတ်ဝင်စားနေကြောင်း ပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ယောက်ကပြောပါတယ်။