နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ ဖိအားပေးနေတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရ်ှအစိုးရရဲ့ သဘောထားကို ပါလီမန် အစည်းအဝေးကနေ တဆင့် ပြောခဲ့တာပါ။
လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းလိုတယ်ဆိုရင် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရကိုသာ တောင်းဆိုသင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအဝင် နိုင်ငံတကာ တိုင်းပြည်တွေကို ပြောလိုက်တာပါ။
ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဟာ သူတို့ လက်ခံထားပြီး ဖြစ်တဲ့ လက်ရှိရှိနေပြီးသား ရိုဟင်ဂျာ လေးသိန်းနဲ့တင် အတော် ဝန်ပိနေတာ ဖြစ်ပြီး နောက်ထပ် လက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်းလည်း ပြောပါတယ်။
UNHCR နဲ့ နိုင်ငံတကာက ဘင်္ဂလားဒေ့ရ်ှ အစိုးရ အနေနဲ့ မြန်မာနိုင်ငံက နောက်ထပ် ထွက်ပြေးလာသူ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့်တပ်တွေ အနေနဲ့လည်း မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့နေတယ် ဆိုပေမယ့် အစာရေစာ ဆေးဝါး စတာတွေကို အကူအညီပေးပြီးမှ ပြန်ပို့တာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။
