မြန်မာနိုင်ငံက ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ကူညီပေးဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်ပြောကြား

နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် အာရုံစိုက် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Dipu Moni က ဒီကနေ့ ဘင်္ဂလားဒေ့ရှ် ပါလီမန် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
2012-06-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ ဖိအားပေးနေတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားကို ပါလီမန် အစည်းအဝေးကနေ တဆင့် ပြောခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းလိုတယ်ဆိုရင် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရကိုသာ တောင်းဆိုသင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအ၀င် နိုင်ငံတကာ တိုင်းပြည်တွေကို ပြောလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ သူတို့ လက်ခံထားပြီး ဖြစ်တဲ့ လက်ရှိရှိနေပြီးသား ရိုဟင်ဂျာ လေးသိန်းနဲ့တင် အတော် ၀န်ပိနေတာ ဖြစ်ပြီး နောက်ထပ် လက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်းလည်း ပြောပါတယ်။

UNHCR နဲ့ နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့  မြန်မာနိုင်ငံက နောက်ထပ် ထွက်ပြေးလာသူ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ အနေနဲ့လည်း မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့နေတယ် ဆိုပေမယ့် အစာရေစာ ဆေးဝါး စတာတွေကို အကူအညီပေးပြီးမှ ပြန်ပို့တာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Dipu, if your country can not accept Rohingas Bengali, so do we, Burma will not accept your people. Do not put all the problem on the shoulder of Burma Government. Give us to live in peace. Burma government have to take care of his own people 50 millions authentic Burmese Citizens. That is more than enought as a young democraic country.

Jul 29, 2012 11:03 AM

Moe Swastika

နေရပ်- Middle Burma

I can read Bangale lady mine at ILO speech, when Daw Aung San Suu Kyi talk about rakhin region on 1 sentence, she was bad move and face, than she took back her normal face. Now, Bangladesh said, Burma is Burma problem, that is right, they are on our hand, what ever we want we can do everything we need Bangalore. These people are test and research for Burmese people.

Jul 16, 2012 03:31 PM

အမည်မဖော်လိုသူ

လုံထိန်းရဲတွေရဲ့လက်ချက်ကြောင့်နဲ့နယ်မျိုးစုံမှလူဆိုးလူမိုက်များပေါင်း
ပြီးလုပ်ကြံတိုက်ခိုက်တဲ့ဒဏ်ကိုအစ္စလာမ်ဘာသာဝင်များ
ကမချိမဆန့်နဲ့မျိုးတုံးအောင်တိုက်ခိုက်ခံနေကြရပါတယ်။၁၇.၆.၂၀၁၂ နေ့တွင်RFAတွေ့ဆုံမေးမြန်းခန်းတွင်အစ္စလာမ်ဘာသာဝင်များသည်၎င်းဒေသတွင်(ရခိုင်)ပထမကမ္ဘာစစ်မတိုင်
ခင်ကတည်းကရှိခဲ့သည်။ထိုအကြောင်းကိုမြန်မာ့စွယ်စုံ
ကျမ်းတွင်တွေ့ဆုံမေးမြန်းခဲ့သူများလေ့လာဖတ်ရှုစေချင်
ပါသည်။

Jun 17, 2012 09:59 AM

yawna

နေရပ်- tawataintha

စစ်အစိုး၇အဆက်ဆက် အကျင့်ပျက် ခြစားမှုတွေကြောင့် ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးကို စော်ကားတာခံ၇ပြီ

Jun 17, 2012 09:24 AM

အမည်မဖော်လိုသူ

that is rubbish.

she does not need to say that. This is not Myanmar issue. This is their issue.

By saying such words, she is claiming that that is Myanmar problem. Bangladesh is refusing that it is their Islamist problem. ......This is not Burma problem.

Jun 17, 2012 05:29 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.