ဒီပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ ပင်လယ်ပြင်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ အဲဒီ ဘင်္ဂလားဒေ့ရ်ှ စက်လှေပေါ်က လူ ၃ ဦးကို ဒီကနေ့ မနက်ပိုင်းက စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပြီး ကျန်တဲ့လူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲလို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာမှာ မနေ့က အခင်းမဖြစ်ပွားမီ ပင်လယ်ပြင်ထဲမှာ မသင်္ကာတဲ့ စက်လှေတစ်စီး တွေ့ကြောင်း ဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် အခင်းဖြစ်ပွားခဲ့တဲ့ အချိန်အထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ အလေးထား ဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
