ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်း ကင်းသမားတွေကို ပစ်ခတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ဆင်ပိုက်ရွာ အောက်ဘက် ဆင်ပိုက်ကုန်း အနီးမှာ မနေ့ ည ၁၀ နာရီလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က လူ(၇) ဦးလောက်ပါတဲ့ စက်လှေတစ်စီး ဝင်ရောက်လာခဲ့ပြီး ဒေသခံ ကင်းသမားတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
2012-08-28
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
bangladesh-flag-boat-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ ကင်းအဖွဲ့ကို ပစ်ခတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူထားသည့် စက်လှေတစ်စီးကို ဖမ်းဆီးရရှိထားစဉ်။
RFA

ဒီပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ ပင်လယ်ပြင်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ အဲဒီ ဘင်္ဂလားဒေ့ရှ် စက်လှေပေါ်က လူ ၃ ဦးကို ဒီကနေ့ မနက်ပိုင်းက စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပြီး ကျန်တဲ့လူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲလို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာမှာ မနေ့က အခင်းမဖြစ်ပွားမီ ပင်လယ်ပြင်ထဲမှာ မသင်္ကာတဲ့ စက်လှေတစ်စီး တွေ့ကြောင်း ဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် အခင်းဖြစ်ပွားခဲ့တဲ့ အချိန်အထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ အလေးထား ဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

(

ရခိုင်က မကြာသေးမှီက(၂၉.၈.၁၂) ပြန်လာတဲ့ ရခိုင်လေးတစ်ယောက်က အဲဒီကိစ္စဟာ မှန်တယ်တဲ့။အခုအချိန်ထိ ကျီးလှန့်စာစားတဲ့

Aug 31, 2012 12:32 PM

(

မြန်မာအစိုးရအဆက်ဆက်ဟာ ရခိုင်လူမျိုးများကို နလံမတူနိုင်အောင် နှစ်ကွပ်ပေမယ့် ဒီကုလားတွေနဲပတ်သက်လာရင် အခုချိန်တိလုံခြုံရေတွေယော့ရဲနေတုံဘဲ အသဲယားတယ်ကွာ ရခိုင်တယောက်

Aug 29, 2012 02:14 PM

မာမတ်ဇူဘိုင်

နေရပ်- မော်လမြိုင်

ဘင်္ဂါလားဒေ့ရ်ုနိုင်ငံဘက်က ဘင်္ဂါလီ(ရိုဟင်ဂျာအမည်ခံ)ကျူကျော်သူတွေနဲ့ အကြမ်းဖက်သမားတွေဟာ နည်းမျိုးစုံနဲ့ ရခိုင်လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတာကြာလှပါပြီး.... နယ်စပ်ဒေသတစ်လျှောက်တွင် ရခိုင်သူဌေးအိမ်တွေကို ဓါးပြတိုက်ခြင်း၊ လူသတ်ခြင်း စသည့်ဖြင့် ကျူးကျော်နေတာကြာလှပါပြီး.

Aug 29, 2012 02:12 PM

မောင်တည်ကြည်

နေရပ်- SINGAPORE

ဒေသခံတွေရဲ့ သတင်းပေးမှုကိုဘာဖြစ်လို့တာဝန်ရှိသူတွေအလေးမထားရတာလဲ?၊လဒ်စားထားပြန်ပြီလား?၊နိုင်ငံနဲ့ပြည်သူ ကိုအကျိုးမပြုနိုင်ရင် အလုပ်မှတွက်ကြပါ။ တာဝန်ရှိသူတွေရှိလျှက်နဲ့ ပြည်သူတွေအစော်ကားခံနေရတာ သဘာဝမကျဘူး။မင်းတို့အရှက်မရှိကြဘူးလား?

Aug 29, 2012 02:08 PM

zin

သမ္မတကြီး နှင်.နိုင်ငံတော်အကြီးအကဲများမြန်မာနိုင်ငံအနောက်တံခါးဖြစ်သော၇ခိုင်ပြည်ကြီးကိုတိုင်းတစ်ပါးသားများကျူးကျော်၇န်စမှုများကိုကာကွယ်ပေးစေ ချင်ပါတယ်

Aug 29, 2012 07:42 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.