အကြမ်းဖက်မှုရပ်ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျသံဃာများ တောင်းဆို

ဘင်္ဂလားဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
2012-10-02
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဆန္ဒပြပွဲမှာ ပါဝင်သူ မြန်မာ ဆရာတော် တစ်ပါးက အခုလို မိန့်ကြားခဲ့ပါတယ်။

"လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ဘင်္ဂလား ရဟန်းတော်တွေပေါ့လေ။ ဒီလိုမျိုး အကြမ်းဖက်နေတာတွေကို ရပ်တန့်ပေးဖို့အတွက် အဲဒါကို အချိန်ကြာကြာကြီး သံရုံးထဲမှာ ပြောဆိုနေကြတယ် အပြန်အလှန်လေ။ ဟိုက ပြန်ပြောတာက  ထိုင်းနိုင်ငံမှာ ငါတို့ သံရုံး ရှိနေတာ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့ မဟုတ်ဘူးတဲ့။ နိုင်ငံခြားသားတွေကို ဗီဇာ ထုတ်ပေးဖို့တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် နက်ဖြန်ဆိုရင် ယူအင်န်ရုံးကို ဆက်သွားမယ်လေ။ ဗမာ ရဟန်းသံဃာတချို့နဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက ရဟန်းသံဃာ အပါး ၂၀၀ ပေါ့။"

ဒီဆန္ဒပြပွဲမှာ ထိုင်းနိုင်ငံမှာ သတင်းသုံးနေကြတဲ့  မြန်မာသံဃာတွေ၊ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက သံဃာတွေ ပါဝင်ခဲ့ကြပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့ ကဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ကော့စ်ဘဇား နဲ့ ရာမူး ခေါ် ပန်းဝါဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း (၁၁) ကျောင်းနဲ့ အနည်းဆုံး ဗုဒ္ဓဘာသာ လူနေအိမ် ၂၀ လောက် မီးရှို့ ဖျက်ဆီးခံရတယ်လို့  နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက တပ်အင်အား တစ်ထောင်နီးပါးလောက်နဲ့ ပန်းဝါ နဲ့ ကော့စ်ဘဇား ဒေသက ဗုဒ္ဓဘာသာဝင် ကျေးရွာတွေ ရပ်ကွက်တွေကို လုံခြုံရေး တင်းတင်းကြပ်ကြပ်ချပြီး အကာအကွယ် ပေးထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ပြည်နယ်ဘက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား တစ်ဦးကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

U Thant Zin

နေရပ်- Yangon

Why don't you call out humanrights for the Buddhists in Bangladesh? HRW discriminates on religions bitterly. HRW's shameless association.

Oct 08, 2012 02:48 PM

ကိုမောင်မောင်ကြီး

နေရပ်- ရခိုင်ပြည်နယ်

အားလုံးကို မျှမျှတတပဲ ဖြစ်စေချင်ပါတယ် တစ်ဖက်သတ်ဆိုတဲ့ကိစ္စက ဘယ်အရာမှ မကောင်းပါဘူး၊ ဘင်္ဂလားဒေရှ့်မှာ ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်တာကိုပဲ ချဲ့မပြောသင့်ပါဘူး၊ ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အခြေအနေတွေအတွက်လဲ ကိုယ်ချင်းစာနာပေးမဲ့သူတွေ လိုအပ်နေပါတယ်၊ ဘယ်လိုအကူအညီပေးကြမလဲ။

Oct 08, 2012 09:58 AM

姓 名字

နေရပ်- Beijing, Burma

These attack are COWARDLY by wicked Muslims.

Oct 04, 2012 06:02 AM

အမည်မဖော်လိုသူ

ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာနက ၀ါရင့်သတင်းထောက် Abdul Karam Azad က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတဲ့ အစိုးရအရာရှိတွေက
Ramu လို့ခေါ်တဲ့ ပန်းဝါမြို့နဲ့ Cox’s Bazaar လို့ ခေါ်တဲ့ ဖလောင်းချိန် ဒေသတွေမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ Rohingya ရိုဟင်ဂျာတွေရဲ့ လက်ချက်ဖြစ်နိုင် တယ်ဆိုပြီး သံသယ ရှိနေကြပါတယ်
-လို့ ပြောပြပါတယ်။

Oct 03, 2012 05:06 PM

Saw maung

နေရပ်- DHK

BD gov already take action and 4 seniour minister visited the area.1000 of security forces deployed in the Ramu. Every minority is secure in BD. No human life damage yet but in Burma different. thousand of rohingya killed

Oct 03, 2012 03:44 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.