မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာ မယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေးခရီးစဉ် ကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ယောက်ကို မြန်မာ အာဏာပိုင်တွေက ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေး အရရော၊ လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ပါ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ဒီနေ့ထုတ် မြန်မာအစိုးရ သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖွယ်ရှိတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အများ မျှော်လင့်သလို ဖြစ်မလာ ခဲ့ပါဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ် မတိုင်ခင် အခုလို ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေကို ပြန်လွှတ်လိုက် တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြန်လွှတ်ပေးသလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို လည်း လွှတ်ပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင် အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ဒါဟာ Ms. Khaleda Zia ဝန်ကြီးချုပ်ဘဝနဲ့ မြန်မာနိုင်ငံကို ၂ဝဝ၃ ခုနှစ်က ရောက်ရှိလာပြီး နောက် ၈ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခေါင်းဆောင်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။
မြန်မာ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့လက သွားရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေး ခရီးစဉ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံဆက်ဆံရေးမှာ သတိ ထားစရာ လူဝင်လူထွက် ကိစ္စတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။
| စုစည်းတင်ပြချက်။ |
|
| အသံဖိုင်ယူရန်။ |
ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့
နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စိတ်ဖိစီးမှုဝေဒနာ
မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို
အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း
နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်
နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု
နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော
ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော
နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
မှတ်ချက်များ
Click here to add your own comment