ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းခံခဲ့ပုံ Ben Rogers ပြန်ပြောပြ

စစ်အစိုးရ ထောက်လှမ်းရေး အရာရှိတွေက ထိမ်းသိမ်းထားစဉ်မှာ ထောက်လှမ်းရေး အရာရှိ အများအပြားက သူ့ကို ဖိအားပေး စစ်ဆေးခဲ့တာတွေ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတဲ့အကြောင်း၊ သူ့ရဲ့ ကင်မရာကို စစ်ဆေးရာမှာလည်း ကမ္ဘာလှည့်ခရီးသွားတွေရိုက်လေ့ရှိတဲ့ ဓါတ်ပုံတွေကိုသာ တွေ့ရပြီး ဒီဓါတ်ပုံကိုလည်း ထောက်လှမ်းရေးအရာရှိတွေက ကူးယူသွားတယ်လို့ Benedict Rogers က အာအက်အေကို ပြောပြပါတယ်။

မြန်မာနိုင်ငံကို ရက်သတ္တပတ်ကြာ ခရီး သွားရောက် လည်ပတ်နေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Christian Solidarity Worldwide - CSW အဖွဲ့က မစ္စတာ Benedict Rogers ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စစ်အစိုးရ ထောက်လှမ်းရေး အရာရှိတွေရဲ့ ထိမ်းသိမ်း စစ်ဆေးခြင်း ခံခဲ့ရပြီး နောက်တနေ့ဗုဒ္ဒဟူးနေ့မှာ ပြည်နှင်ဒါဏ်ပေး ခံလိုက်ရပါတယ်။ သူဟာ အာဏာရှင်ကို မျက်နှာဖုံးချွတ်ကြည့်ခြင်း (Than Shwe – Unmasking Burma's Tyrant) ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းကို စာအုပ် ရေးသားခဲ့သူဖြစ်ပြီး မြန်မာပြည်နဲ့ပတ်သက်တဲ့ တခြား စာအုပ် ၃ အုပ် ကို ရေးသားခဲ့သူ ဖြစ်ပါတယ်။ ဒီနေ့ ဗြိတိန် နိုင်ငံ လန်ဒန်မြို့မှာ ပြန်လည် ရောက်ရှိနေပြီ ဖြစ်တဲ့ မစ္စတာ Benedict Rogers ကို ရန်ကုန်မှာ သူကြုံတွေ့ခဲ့ရပုံတွေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

0:00 / 0:00