ဘင်္ဂါလီ တချို့နဲ့ သန်းခေါင်စာရင်းမရှိသူတွေကို သက်ဆိုင်ရာက နေရာရွှေ့ပြောင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်က ဘင်္ဂါလီ မိသားစု တချို့နဲ့ သန်းခေါင်စာရင်းမရှိဘဲ နေထိုင်နေသူတွေကို သက်ဆိုင်ရာက ဒီနေ့ မြို့ပြင်ကို ရွှေ့ပြောင်း လိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
2012-06-22
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
sittwe-camp-b305
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအား သက်ဆိုင်ရာမှ ကူညီစောင့်ရှောက်ထားသော ယာယီစခန်းများ ဖြစ်ပါသည်။
RFA

လုံခြုံရေးအရ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက် နဲ့ အောင်မင်္ဂလာရပ်ကွက်တို့ကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထား တာဖြစ်ပြီး အောင်မင်္ဂလာရပ်ကွက်က လူတွေကို ရွှေ့ပြောင်းလိုက် တာလို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"ဟောဒီ အောင်မင်္ဂလာ ရပ်ကွက်ထဲမှာ နေတဲ့ဟာကို လူ ၇၀၀ လောက်ကို ရွှေ့တယ်လို့ သိရပါတယ်"

ရပ်ကွက် သန်းခေါင်စာရင်းထဲ မပါတဲ့ လူ ၂၀၀၀ လောက်ကို ကား ၁၁ စီးနဲ့ ရွှေ့ပေးတယ်လို့ ဆိုပါတယ်။ ဒါဟာ နေရာသီးခြားချထားပေးတဲ့ သဘောမျိုးနဲ့ ရွှေ့ပြောင်းပေးတယ်လို့ ဒေသခံတဦးက ယူဆ ပါတယ်။

အင်ပါလာရပ်ကွက်က လူတွေကို ဒီနေ့ရွှေ့ပြောင်းတာ သိရတဲ့ အကြောင်းနဲ့ ဒီလူတွေ နေထိုင်ဖို့ တန်းလျားတွေ အသင့်ဆောက်ထား တယ်လို့ သိရတဲ့ အကြောင်းလည်း သူကပြောပါတယ်။ အင်ပါလာနဲ့ ကုန်တန်းရပ်ကွက်မှာ ရခိုင် အိမ်တစ်ရာလောက် မီးရှို့ခံရတဲ့အထဲ ပါသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ  ရခိုင်ပြည်နယ် ၀န်ကြီးချုပ်   ဦးလှမောင်တင်နဲ့ အဖွဲ့ဟာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် မီးလောင်ပြင် ရှင်းလင်းနေတာ လာရောက်ကြည့်ရှု့တယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် မင်းဂံရပ်ကွက် ဓမ္မာရုံမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းကို လည်း သွားရောက်ပြီး မိသားစုဝင်တွေကို အားပေးစကားပြောတယ် လို့ ဖော်ပြထားပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Myanmar Myo

နေရပ်- Yangon

RFA အနေ နဲ့ ရို ဟင် ဂျာ ကို ဘဂါလီ လိုသုံးနှုန်းတာကို ကြိုဆိုလိုက်ပါ တယ် ခင်ဗျားတို့ မြန်မာဆိုရင် မြန်မာနိုင်ငံ နဲ့ တိုင်းရင်းသားတွေကို ချစ်ကြပါခင်ဗျာ.... ဒေါ်လာဟာကြိုးစားရှာရင် ရပါတယ် လူမျိုး နဲ့ ဘာသာဟာ တခြားသူလွမ်းမိုးသွားရင် ပြန်ရှာ လိုမရပါဘူး ခင် ဗျာ ကျေး ဇူးတင်လျက်ပါ

Jul 01, 2012 01:49 AM

အမည်မဖော်လိုသူ

အမှန် ကို အမှန်တိုင်းဖြစ်ပါစေ

Jun 23, 2012 11:00 PM

honey

သူတို့ရဲ့မှတ်ပုံတင်ကိုပြန်လည်သိမ်းဆဲပြီး
မြန်မာနိုင်ငံထဲကရှင်းထုတ်ပါ။
အယ်ကိုင်းဒါးတွေမို့သူတို့နိုင်ငံသူတို့မနေပဲ
နယ်မြေလုချင်တာ

Jun 23, 2012 12:11 AM

yawna

နေရပ်- tawataintha

မလေး၇ှားမှာ တော့ တ၇ားမ၀င် နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ၇ဲကငွေညစ်ေ၇လာတွေက ဖမ်းနဲ့  ခုလိုထားတာမ၇ှိပါဘူး

Jun 22, 2012 09:06 PM