စီးပွားရေး စီမံကိန်းတွေ များလာတဲ့အတွက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ထိခိုက်နိုင်


2013.10.28
bni-305.JPG BNI အဖွဲ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံသတင်းသမားများ စာကြည့်တိုက်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က ‘ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ’ ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်နေစဉ်
photo: RFA/ Kyaw Zaw Win

‘ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ’ ဆိုတဲ့ အစီရင်ခံစာ ထုတ်ဝေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့က ရန်ကုန်မြို့ ကုန်သည်လမ်း မြန်မာနိုင်ငံ သတင်းသမားများ စာကြည့်တိုက်မှာ  ဒီနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြု လုပ်ခဲ့ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ အကောင်အထည်ဖေါ်နေတဲ့ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းတွေနဲ့ ဆက်နွယ်ပြီး စစ်တပ်အင်အားတိုးချဲ့ ချထားတာတွေ များပြားလာနေပြီး လက်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လာနေကြောင်း နိုင်ငံတကာ မြန်မာ့ သတင်းအဖွဲ့ BNI အဖွဲ့ဝင် ကရင်သတင်းစဉ် အယ်ဒီတာဖြစ်သူ နန်းဖေ့ါဂေက ပြောပါတယ်။

“အဓိကကတော့ စီးပွားရေးကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုင်းပြည်အပြောင်းအလဲလုပ်တဲ့ဖြစ်စဉ်မျိုးကို အဟန့်အတားမဖြစ်စေချင်ဘူး၊ အဟန့်အတားဖြစ်လာနိုင်တဲ့ အချက်အလက်လေးတွေကို စုဆောင်းထောက်ပြတာပေ့ါ၊ အစိုးရဘက်ကဖြစ်စေ နိုင်ငံခြားကုမ္ပဏီတွေကဖြစ်စေ လက်နက်ကိုင် အဖွဲ့အစည်းတွေကဖြစ်စေ ဒါမျိုးလေးတွေကို သတိထားဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အထားမဖြစ်ဖို့ တိုင်းပြည်အတွက် ရည်ရွယ်ပြီးတော့ ကျမတို့ ဒါကိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်”

ဒီအစီရင်ခံစာပါအချက်တွေကို ကြည့်ရှုပြီး အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အားလုံးလက်တွဲဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာကြံနိုင်အောင်လည်း အစီရင်ခံစာက အကြံပြုထားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။