မူဆယ်မှာ ဗုံးကွဲ၊ တစ်ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က အစိုးရဌာနဆိုင်ရာ ရုံးအဆောက်အဦးတွေရှိတဲ့ ဟိုမွန်ရပ်ကွက်ထဲမှာ မေလ ၁၆ ရက်၊ ည ၉ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် လူတစ်ဦး သေဆုံးခဲ့တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ နေရာကတော့ မူဆယ်မြို့ ရဲစခန်းရဲ့မြောက်ဖက် ၆ ဖာလုံခန့်အကွာ မြို့နယ်သစ်တောရုံးက ဝန်ထမ်းအိမ်ယာခြံဝင်းအနီးမှာ ဖြစ်တယ်လို့ မူဆယ်မြို့ခံတစ်ဦးဖြစ်သူ ကိုစိုင်းက ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက လူတစ်ဦးသေဆုံးတာတာ ဟုတ်မှန်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။