မြန်မာဗုံးဒဏ်ခံ တရုတ်နိုင်ငံသား စိုးရိမ်ရဆဲ

မြန်မာ့လေတပ်ကကြဲချလိုက်တဲ့ ဗုံးဆန်ထိမှန်လို့ဒဏ်ရာရထားတဲ့ တရုတ်နိုင်ငံသား ၈ ဦးထဲက ၁ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်တယ်လို့ တရုတ်အာဏာပိုင် တွေက မနေ့ကပြောလိုက်ပါတယ်။

အဲဒီ ဒဏ်ရာရသူတွေအနက် နှစ်ဦးရဲ့ကျန်းမာရေးဆိုးဝါးဆဲဖြစ်ပေမဲ့ အသက်ဘေး စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။ ကျန်တဲ့ ၅ ယောက်ကတော့ ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားတဲ့အတွက် ဆေးရုံကနေဆင်းခွင့်ပြု လိုက်ပြီလို့ ယူနန်ပြည်နယ် လင်ကန်းမြို့ အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

မတ်လ ၁၃ ရက်နေ့မှာ မြန်မာ့လေတပ်က ကြဲချလိုက်တဲ့ဗုံးတစ်လုံး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လင်ကန်းမြို့နယ်ထဲက ကြံစိုက်ခင်းတစ်ခင်းထဲကိုကျသွားခဲ့ရာမှာ တရုတ်နိုင်ငံသား ၅ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။