မြန်မာနိုင်ငံကို လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ဖြစ်လာတဲ့အထိ ဗြိတိန် အစိုးရ အနေနဲ့ အစဉ်တစိုက် ဆက်ပြီး ဖိအားပေးသွားမှာပါလို့ ဗြိတိန် ဝန်ကြီး ချုပ်ရဲ့ ကိုယ်ရေးအရာရှိက လန်ဒန်မြို့မှာ မနေ့က ဆန္ဒပြကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြောဆိုလိုက်ပါတယ်။
စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: RFA)
ဗြိတိန်ဝန်ကြီးချုပ် ရုံးစိုက်ရာ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှေ့မှာ ဆန္ဒပြနေတဲ့ သူတွေကို ၀န်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိက ထွက်ပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဗြိတိန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက မနက်ဖြန် တနင်္ဂနွေနေ့မှာ စစ်အစိုးရ ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ အများ လိုလားသလို အားလုံးပါဝင်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်း ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို သောကြာနေ့တိုင်း ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
မကြာခင်မှာ တရုတ်သမ္မတနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတဲ့ ဗြိတိန်ဝန်ကြီးချုပ်ကို လိပ်မူ ရေးသားထားတဲ့ စာတစောင်ကို ဆန္ဒပြသူတွေက ၀န်ကြီးချုပ်ရုံးကို ပေးအပ်ခဲ့ပါသေးတယ်။ စာထဲမှာ ရေးသား တောင်းဆိုထားတဲ့ အကြောင်းအရာတွေကို ဆန္ဒပြရာမှာ ပါဝင်တဲ့ BDC (Burma Democratic Concern) အဖွဲ့ ဒါရိုက်တာ ကိုမျိုးသိန်းက ပြောပြပါတယ်။
“ကျနော်တို့ မြန်မာပြည်သူတွေ အနေနဲ့ တကယ် လိုချင်တဲ့အရာက တကယ် လွတ်လပ်စွာ စည်ရုံးခွင့်၊ ဆွေးနွေးခွင့်တွေ ရှိတဲ့ တကယ့် ဒီမိုကရေစီစစ်စစ် ဒီမိုကရေစီကို လိုလားခြင်းဖြစ်တယ်။ အတုအယောင် ဒီမိုကရေစီမျိုးကို မလိုလားဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ပြောထားပါတယ်။ ဒါအပြင့် ရှေ့အပတ်ထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းနဲ့ တရုတ်သမ္မတ ဟူဂျင်းတောင် တွေ့ဆုံဖို့ ရှိပါတယ်။ တရုတ်အစိုးရနဲ့ တွေ့တဲ့အခါမှာ မြန်မာပြည်အရေးကို ဖိအားပေး ပြောဆိုဖို့၊ တရုတ်အစိုးရ အနေနဲ့ တရား မျှမျှတတ လုပ်ဆောင်ပေးဖို့ အဲဒါမျိုးတွေလည်း တောင်းဆိုခဲ့ပါတယ်”
မစ္စတာ ကင်မရွန်းအနေနဲ့ တရုတ်သမ္မတ ဟူဂျင်းတောင်နဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံ အကြောင်းကို ဆွေးနွေးမှာပါလို့လည်း ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိက အသိပေး ပြောဆိုသွားပါတယ်။
ဒီ ဆန္ဒပြပွဲမှာ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း လူ ၅၀ ကျော် ပါဝင်ခဲ့ကြပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှ ပိတ်ဆို့မှု ရုပ်သိမ်းမယ်လို့ ဗြိတိန်က ပြော
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမယ်
လေဘာပါတီက ဗြိတိသျှအစိုးရကို မြန်မာ့အရေး နှိုးဆော်
အမျိုးသားပြန်လည်သင့်မြတ်ရေး ဗြိတိသျှအစိုးရတိုက်တွန်း
ဗြိတိန် ဘရိုက်တန်ပွဲတော်မှာ မြန်မာ့အရေးဆွေးနွေး
တိုင်းရင်းသားဒေသထိုးစစ်ရပ်ရေး ဖိအားပေးဖို့ ဗြိတိသျှအစိုးရကို တိုက်တွန်း
မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေး ဗြိတိန် ကူညီဆောင်ရွက်မည်
စစ်အစိုးရ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများ စုံစမ်းရေး အီးယူတဖွဲ့လုံးထောက်ခံဖို့ တောင်းဆို
မြန်မာအစိုးရသစ်ကို ပိတ်ဆို့မှုများ တိုးမြှင့်ဖို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဗြိတိန်က မြန်မာကို လေးနှစ်အတွင်း ပေါင် သန်း ၂၀၀ ကျော် ကူညီမည်
မှတ်ချက်များ
Click here to add your own comment