မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေး ဗြိတိန် ကူညီဆောင်ရွက်မည်

2011-04-27

မြန်မာနိုင်ငံက ဆေးမတိုးတဲ့ ငှက်ဖျားရောဂါဟာ ကမ္ဘာ့တခြားနေရာတွေကို ကူးစက် ပြန့်ပွားသွားနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့အတွက် အဲဒီ မြန်မာ့ ငှက်ဖျားနှိမ်နင်းရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ပံ့ပိုးကူညီမှုတွေ တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

(Photo: AFP)

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်အတွင်း တောတောင်များကြားတွင် ပုန်းလျှိုး တည်ရှိနေသည့် ဒုက္ခသည် စခန်းတခုတွင် ငှက်ဖျားရောဂါ ဖြစ်ပွားနေသော သမီးလေးကို ထွေးပွေ့ထားသည့် ကရင်အမျိုးသမီးတဦး ဖြစ်ပါသည်။ (Photo: AFP)

ဒီနှစ်အတွက် မြန်မာပြည်က လူတသန်းကျော်ကို ကူညီနိုင်ဖို့ ဗြိတိန်နိုင်ငံနဲ့ တခြားအလှူရှင်တွေက အလှူငွေ တိုးမြှင့် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ငှက်ဖျားလူနာပေါင်း ၁၆၆,၀၀၀ ကို မှန်ကန်တဲ့ ရောဂါသတ်မှတ်ချက် နဲ့ ကုသချက် ပေးနိုင်အောင် ကျန်မားရေးလုပ်သားနဲ့ ရပ်ရွာ စေတနာ့ဝန်ထမ်း နှစ်ထောင်ကျော်ကို လေ့ကျင့် သင်တန်းပေးရေး လုပ်ငန်း၊ ရေရှည်ခံ ဆေးစိမ်ခြင်ထောင်ပေါင်း သုံးသိန်းခွဲ ဝေငှဖို့နဲ့ ဝေငှပြီး ခြင်ထောင်ဟောင်း လေးသိန်းခွဲကို ဆေးပြန်စိမ်ပေးရေး လုပ်ငန်း၊ ငှက်ဖျားဆေးမတိုးတော့ပဲ ယဉ်ပါးသွားနိုင်ခြေရှိတဲ့ နေရာတွေမှာ ငှက်ဖျားအကြောင်း ပညာပေးရေးလုပ်ငန်း စတဲ့ လုပ်ငန်းအစီအစဉ်တွေ ပါဝင်ပါတယ်။

အခုအခါ ဆေးမတိုးတဲ့ ငှက်ဖျားရောဂါ ခေါင်းထောင်လာတာကြောင့် အာရှနဲ့ အာဖရိကက သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် အန္တရာယ် ရှိနေပါတယ်။

ဆေးယဉ်နေတဲ့ငှက်ဖျားရောဂါကို ၂၀၀၂ ခုနှစ်က ကမ္ဘောဒီးယား မှာ ပထမဦးဆုံး စတင်တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဆေးယဉ်ငှက်ဖျား တိုက်ဖျက်ရေးလုပ်ငန်း စတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာလည်း ငှက်ဖျား ရောဂါ ဆေးယဉ်မှု ရှိမရှိ ပုံမှန်စောင့်ကြည့်ရမဲ့ နေရာတခု ဖြစ်လာပါတယ်။ နောက်ဆုံး တွေ့ရှိချက်တွေအရ ထိုင်း-မြန်မာနယ်စပ် နေရာအတော်များများမှာ ဆေးမတိုးတဲ့ ငှက်ဖျားပိုးတွေက ရှိနေရတယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် မကွေးခရီးစဉ်ကို ဖျက်သိမ်း

ဦးခွန်ထွန်းဦးတို့ ကျန်းမာရေး စိုးရိမ်ရ

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှ ပိတ်ဆို့မှု ရုပ်သိမ်းမယ်လို့ ဗြိတိန်က ပြော

ထောင်တွင်း ကျန်းမာရေး နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ဝေဖန်

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမယ်

နိုင်ငံရေးအကျဉ်းသား ကိုအောင်ချိုဦး ဆေးရုံမှာ ဝေဒနာ ခံစားနေရ

အရှင် ဂမ္ဘီရ မိသားစုနဲ့ နေထိုင်ပြီး အချိန်ယူ ဆေးကုဖို့ လိုအပ်

အရှင်ဂမ္ဘီရ ကျန်းမာရေး ကောင်းလာပေမဲ့ သွားနာတဲ့ ဝေဒနာ ခံစားနေရ

နိုင်ငံရေးအကျဉ်းသူ ဆေးရုံမှာ မထီမဲ့မြင် ဆက်ဆံခံရ