ဗြိတိသျှ သံရုံးခွဲ နေပြည်တော်မှာ ဖွင့်မည်

ရန်ကုန် ဗြိတိသျှသံရုံးက နေပြည်တော်မှာ ရုံးခွဲတစ်ခု ဖွင့်လှစ်တော့မယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ William Hague က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

2012.04.26
assk-william-hague-305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
NLD

အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ သံရုံးခွဲ ဖွင့်လှစ်လိုက်တာကြောင့် ရန်ကုန်က မိမိတို့သံရုံးအတွက် အလုပ်တွင်ကျယ်တဲ့အပြင် မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့ အတူ ထိတွေ့ဆက်ဆံလိုတဲ့ မိမိတို့ သဘောထားကို ပြသလိုက်တာလည်းဖြစ်ပါတယ်။

နေပြည်တော်မှာ အစိုးရချင်း ဆက်သွယ်ဆောင်ရွက်ဖို့ အဆင်ပြေတဲ့အပြင် မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး အတွက်လည်း အထောက်အကူ ပြုပါတယ်လို့ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို အားပေးတဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံတာ၊ ကုန်ကူးသန်း ရောင်းဝယ်တာတွေကို အားပေးရမယ့် အချိန်ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနဲ့ ပတ်သက်ပြီး ဒီလို ဆုံးဖြတ်မှုတွေ မချမှတ်ခင်မှာ ဗြိတိန်အစိုးရဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်နှီးနှောခဲ့ပါတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ William Hague က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။