ပဋိပက္ခတွေ အလေးထားဖြေရှင်း ဖို့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ သတိပေး


2013.09.27

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အရေးတယူဖြေရှင်းမှုမရှိရင် မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။

အမေရိကန်ပြန်ထောင်စု၊ နယူးယောက်မြို့၊  ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ကကျင်းပတဲ့ မြန်မာ့အရေးဆိုင်ရာ မိတ်ဆွေနိုင်ငံများအဖွဲ့ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာ  အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေအပေါ် ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ တချိန်ထဲမှာလည်း ရိုဟင်ဂျာမွတ်စလင်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အခွင့်ရေးကိစ္စရပ်တွေကို အရေးတကြီး ဖြေရှင်းပေးဖို့လိုကြောင်း၊  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို မဖြေရှင်းရင် လုပ်ဆောင်နေတဲ့ ပြောင်းလဲရေးလုပ်ငန်းတွေကို ထိခိုက်လာနိုင်ကြောင်း မစ္စတာ ဘန်ကီမွန်းဦးဆောင်တဲ့ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးဆိုင်ရာ မိတ်ဆွေနိုင်ငံများအဖွဲ့ကို ၂ဝဝ၇ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ရုရှား၊ စင်ကာပူ၊ ဗြိတိန်၊ ကနေဒါစတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။