အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ သုံးရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ကြည့်ရင် မြန်မာအစိုးရဟာ အမေရိကန်နဲ့ မြန်မာအကြား ဆက်ဆံရေး ပိုကောင်းလာအောင် ကြိုးပမ်းရင်း တဘက်မှာလည်း တရုတ်နိုင်ငံရဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက် ထိန်းထားလိုကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ဆိုပါတယ်။
ဒါပေမယ့် အမေရိကန် လိုလားတဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက မလုပ်ဘူးဆိုရင်တော့ အမေရိကန် မြန်မာ ဆက်ဆံရေး ကောင်းလာဖို့ မလွယ်နိုင်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က မြင်ပါတယ်။
ဂျွန်မက်ကိန်းကို ပြည်ဝင်ခွင့်ဗီဇာ ပေးပြီး နှစ်နိုင်ငံ ဆက်ဆံရေးကောင်းဖို့ ကြိုးစားနေတဲ့ မြန်မာအစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ရဲဘော်ဖိုးသံချောင်းနဲ့ ဦးဘိုလှတင့်တို့ရဲ့ အမြင်တွေကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
| စုစည်းတင်ပြချက်။ |
|
| အသံဖိုင်ယူရန်။ |
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
တရုတ်အစိုးရ သဘောထားအပေါ် ဦးအောင်ကျော်ဇောနဲ့ မေးမြန်းချက်
ရွေးကောက်ပွဲ ကြည့်ရှုဖို့ အမေရိကန်အဖွဲ့ရောက်ရှိ
ရွှေည၀ါဆရာတော် ပြည်ပသာသနာပြုခရီး ကြွမယ်
မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလား
တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်
ပိတ်ဆို့ အရေးယူထားမှု တချို့ အမေရိကန်က ပြန်ရုပ်သိမ်းမယ်
မှတ်ချက်များ
Click here to add your own comment