ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ ကျင်းပတဲ့ ဥရောပ-အာရှ ထိပ်သီးညီလာခံကနေ မြန်မာပြည်သူတွေ ဖိနှိပ်ခံနေရတာကို တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချဖို့ အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ ဗြိတိသျှ ဒုတိယ ဝန်ကြီးချုပ် Nick Clegg က တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှိုးဆော်မှုတခုအဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ မျက်နှာစာပေါ်တွင် မီးမောင်းထိုး ပြသထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ၂၀ဝ၉ ဇွန်လ ၁၈ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီကနေ့မှာ ကျင်းပတဲ့ ဥရောပ-အာရှ ထိပ်သီးညီလာခံ (ASEM) ခေါင်းဆောင်တွေကို မြန်မာနိုင်ငံက ဖိနှိပ်နေတာတွေကို တသံတည်း ဆန့်ကျင်ဝေဖန်ဖို့ ဗြိတိန်က တောင်းဆိုတယ်လို့လည်း ဖော်ပြထား ပါတယ်။
မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး ထာဝစဉ် တည်တံ့အောင် ရည်ရွယ်ထားတဲ့ အတုအယောင်သာ ဖြစ်ပြီး၊ စစ်အစိုးရအတွက် အကြီးဆုံး အတိုက်အခံဖြစ်တဲ့ NLD ပါတီကို ဖျက်သိမ်းခဲ့သလို ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေဟာလည်း ဖိနှိပ်ကန့်သတ်မှုတွေ ရင်ဆိုင်နေရကြောင်း၊ ဥရောပ- အာရှခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာပြီး၊ အတိုက်အခံနဲ့ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရ ဆွေးနွေးလာတဲ့အထိ ဖိအားပေးရမှာဖြစ်ကြောင်း ဒီဆောင်းပါးမှာ ရေးသားထားပါတယ်။
တဆက်တည်းမှာလည်း မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လွတ်မြောက်ရေးအတွက် ကမ္ဘာတဝန်း ထင်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ မျက်နှာပုံပါ လက်မှတ်ပေါင်း ၅ ထောင်ကျော်ကို စုဆောင်းပြီး အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မဲ့ ဗြိတိန် ဒုဝန်ကြီးချုပ် Nick Clegg ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီကနေ့ ပေးအပ်လိုက်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်ရေး၊ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး လွှတ်ပေးရေးအတွက် အာရှနဲ့ ဥရောပက ခေါင်းဆောင်တွေကို တညီတညွတ်တည်း တောင်းဆိုလိုက်ကြောင်း ဖော်ပြတဲ့အနေနဲ့ ခုလို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။
အဲဒီ ဓာတ်ပုံလက်မှတ် ၅၀၀၀ ကျော်ထဲမှာ တောင်အာဖရိကတိုက်က ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၊ ဗြိတိန် ဒုတိယ ဝန်ကြီးချုပ် Nick Clegg တို့ရဲ့  ပုံတွေလည်း ပါဝင်ပါတယ်။
ဓာတ်ပုံထဲက သူတို့ မြှောက်ထားတဲ့ လက်ဝါးပြင်ပေါ်မှာ နိုင်ငံရေးအကျဉ်းသားတဦးစီရဲ့ နာမည်တွေ ရေးသားထားပါတယ်။ ဗြိတိန် ဒုတိယ ဝန်ကြီးချုပ် Nick Clegg ရဲ့ လက်ဝါးမှာတော့ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်ရဲ့  နာမည်ရေး ထားတယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုဟာ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံတွေရဲ့ အလေးထားမှု အခြေအနေကို စမ်းသပ်လိုက်တာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို
NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား
မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ
မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း
မှတ်ချက်များ
Click here to add your own comment