အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် Woodrow Wilson စင်တာမှာ ပြုလုပ်တဲ့ အခမ်းအနား တခု အပြီး အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်က သတင်းထောက်တွေကို ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ အစိုးရထံက မျှော်လင့်တာကတော့ မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက် ဆန္ဒ အတိုင်းပါဘဲ၊ နိုင်ငံ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်တာ၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်တာ၊ ပြည်သူတွေကို လွတ်လပ်ခွင့် ပေးတာ စတဲ့ အစိုးရက ကြေညာထားသလို ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်ဖို့ပါဘဲလို့ ဒေါက်တာ ဆူရင်ပြောသွားပါတယ်။ အာဆီယံ အကြီးအကဲ ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံက လွတ်ငြိမ်း ချမ်းသာခွင့်ပေးမှု၊ အစိုးရသစ် အပေါ် သူ့ရဲ့ သဘောထား အမြင်တွေကိုလည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ ကောက်နှုတ်တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00
