မသမာမှုတွေကြားနေရတဲ့ ရွေးကောက်ပွဲ

2010-11-07

မြန်မာပြည်တ၀ှမ်း ဒီကနေ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ရာမှာ ပြည်နယ် အတော်များများမှာ ဒေသခံ တိုင်းရင်းသားပါတီတွေက အရွေးချယ်ခံရ တယ်လို့ ဆိုပါတယ်။ အထက်မြန်မာပြည် မန္တလေးမြို့နဲ့ ရန်ကုန်တိုင်းမှာ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကမာရွတ် မြို့နယ်တွေက ရပ်ကွက်အများစုမှာ NDF အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်တွေ အနိုင်ရတယ်လို့ သတင်းရပါတယ်။

(Photo: RFA)

စစ်အစိုးရ ကျင်းပသည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ - မြန်မာပြည် ဥက္ကဋ္ဌ ဦးသုဝေ မဲပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)

တာမွေမြို့နယ်က ရပ်ကွက် အတော်များများမှာ ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ) လို့ အမည်ပေးထားတဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ပါတီက အနိုင်ရကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်ဘက်မှာတော့ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ရပ်ကွက် အများစုမှာ အနိုင်ရကြောင်း သိရပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲတွေကို လာရောက်မဲပေးသူ အရေအတွက် အတော် နည်းပါးတယ်လို့ သိရပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့  ဆိပ်ကမ်းမြို့နယ်တွေမှာ မဲပေးခွင့်ရှိသူ ၂ သိန်းကျော်အနက် ၇ သောင်းသာ လာရောက်မဲပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတ၀ှမ်းက မဲရုံအသီးသီးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲစည်းကမ်း ဖောက်ဖျက်တဲ့ လုပ်ရပ်တွေ တွင်တွင်ကျယ်ကျယ် ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေနဲ့  တခြားနိုင်ငံရေးပါတီတွေက ပြောပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း

ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ